Connect with us

North America

အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရမည့် နောက်ဆုံးရက် သက်တမ်းတိုးမည်ဟု ထရမ့် အရိပ်အမြွက်ပြောဆို

အီရန်နိုင်ငံ ကာ Karaj မြို့တွင် အမေရိကန်-အစ္စရေးတိုက်ခိုက်မှုများပြီးနောက် ပျက်စီးသွားသော B1 တံတားကို ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစည် (ဆင်ဟွာ)

 

ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

“ဧပြီ ၇ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီ” ဟူ၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပို့စ်တင်ခဲ့ရာ ယင်းမှာ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် အီရန်ကို နောက်ဆုံးအချိန်သတ်မှတ်ထားခြင်းကို သက်တမ်းတိုးနိုင်ဖွယ် အရိပ်အမြွက် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။
ယခင်က အီရန်အနေဖြင့် အချိန် ၄၈ နာရီအတွင်း ရေလက်ကြားကို အပြည့်အဝပြန်လည်မဖွင့်ပေးပါက ယင်းနိုင်ငံရှိ စွမ်းအင်စက်ရုံများအား တိုက်ခိုက်ချေမှုန်းမည်ဟု ထရမ့်က မတ် ၂၁ ရက်၌ ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် နှစ်ရက်အကြာတွင် ၎င်းက တီဟီရန်နှင့် “ကောင်းမွန်သော ဆက်သွယ်ပြောဆိုမှုများ” ရှိခဲ့ကြောင်း ပြောကြားလျက် ထိုစွမ်းအင်စက်ရုံများကို တိုက်ခိုက်မည့် ရက်အား ငါးရက်ရွှေ့ဆိုင်းခဲ့သည်။
ထို့အတူ ထရမ့်က မတ် ၂၆ ရက်တွင် နောက်ဆုံးသတ်မှတ်ရက်ကို ထပ်မံနောက်ဆုတ်ခဲ့ပြီး ၎င်းအနေဖြင့် အီရန် စွမ်းအင်စက်ရုံများအား တိုက်ခိုက်ရန် စီစဉ်ထားမှုကို ဧပြီ ၆ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီအထိ ၁၀ ရက် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဧပြီ ၄ ရက်ကလည်း အီရန်အနေဖြင့် ရေလက်ကြားဖွင့်လှစ်ရေး သဘောတူညီချက်ကို လက်ခံရန် သို့မဟုတ် “ငရဲနှင့် ရင်ဆိုင်ရန်” ၄၈ နာရီ အချိန်ရှိကြောင်း ထရမ့်က ထပ်လောင်းပြောခဲ့သည်။

သို့ရာတွင် ထရမ့်က ဧပြီ ၅ ရက်၌ ပို့စ်တင်၍ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် အီရန်ကိုပေးထားသည့် နောက်ဆုံးသတ်မှတ်ရက်အား နောက်တစ်ကြိမ် သက်တမ်းတိုးမည့် အရိပ်အယောင် ပြသခဲ့သည်။
ဧပြီ ၅ ရက် အစောပိုင်းက အမေရိကန်သမ္မတ တင်ခဲ့သည့်ပို့စ်တွင်မူ ဧပြီ ၇ ရက်က “အားလုံးတစ်စုတစ်စည်းတည်း ဖျက်ဆီးခံရမည့် စွမ်းအင်စက်ရုံနေ့၊ တံတားနေ့” ဟူ၍ ခြိမ်းခြောက်ခဲ့ကာ ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ရန် အီရန်အား ထပ်မံ တိုက်တွန်းခဲ့သည်။
အီရန်ခေါင်းဆောင်များအနေဖြင့် ဧပြီ ၇ ရက် ညနေပိုင်းအထိ ရေလက်ကြားကို ဖွင့်လှစ်ရန် သဘောမတူပါက အီရန်၏ စွမ်းအင်စက်ရုံများအားလုံးကို ဖျက်ဆီးမည်ဟု ဧပြီ ၅ ရက်ထုတ် ဝေါလ်စထရိဂျာနယ် အင်တာဗျူး၌ ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။
“အကယ်၍ သူတို့လိုက်မလုပ်ဘူးဆိုရင်၊ သူတို့က ရေလက်ကြားကို ဆက်ပိတ်ထားမယ်ဆိုရင် သူတို့အနေနဲ့ စွမ်းအင်စက်ရုံတိုင်းနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြားစက်ရုံတွေကို ဆုံးရှုံးရပါလိမ့်မယ်” ဟု ထရမ့်က ဆိုသည်။ (Xinhua)

……………………………………..
(English Version)
Trump hints at extending deadline for Iran to reopen Strait of Hormuz
WASHINGTON, April 5 (Xinhua) — U.S. President Donald Trump posted “Tuesday, 8:00 p.m. Eastern Time!” on social media on Sunday, a message that appeared to signal a possible extension of the deadline for Iran to reopen the Strait of Hormuz.
On March 21, Trump threatened to “hit and obliterate” Iranian power plants if the country fails to fully open the strait within 48 hours. Two days later, he postponed strikes on power plants for five days, claiming to have held “productive conversations” with Tehran.
On March 26, Trump again pushed the deadline back, saying that he will pause planned strikes on Iranian energy facilities for 10 days, to April 6, the upcoming Monday at 8 p.m. Eastern Time. On Saturday, Trump reaffirmed that Iran has 48 hours to strike a deal on opening up the strait or face “Hell.”
However, in the post on Sunday, Trump appeared to hint at extending the deadline for Iran to reopen the strait for another time.
In a post earlier Sunday, the U.S. president threatened that Tuesday would be “Power Plant Day, and Bridge Day, all wrapped up in one” for Iran, and again urged Iran to open the Strait of Hormuz.
In an interview with The Wall Street Journal on Sunday, Trump threatened to destroy all of Iran’s power plants if the country’s leaders don’t agree to reopen the strait by Tuesday evening.
“If they don’t come through, if they want to keep it closed, they’re going to lose every power plant and every other plant they have in the whole country,” Trump said.
Photo: This photo taken on April 3, 2026 shows the damaged B1 bridge after U.S.-Israeli attacks in Karaj, Iran. (Xinhua)