Connect with us

Asia

ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တုသိတနန်းတော်၌ ထိုင်းဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်းအား ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ် ဂါရဝပြုတွေ့ဆုံနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ - Bureau of the Royal Household/Handout via Xinhua)

ဘန်ကောက်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အနူတင်ချန်ဗီရာကူးလ်က ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သော ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ်သည် ဧပြီ ၆ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့ရှိ တုသိတနန်းတော်၌ ထိုင်းဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်းအား ဂါရဝပြုတွေ့ဆုံခဲ့ပြီး ဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ထိုနေ့ညပိုင်းတွင်ပင် အနူတင်သည် အထူးအစိုးရအဖွဲ့အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး လွှတ်တော်သို့ တင်ပြရမည့် မူဝါဒဆိုင်ရာ မူကြမ်းများကို ဆွေးနွေးခဲ့သည်။ အနူတင်သည် ယခုသီတင်းပတ်တွင် လွှတ်တော်၌ မူဝါဒအစီရင်ခံစာ တင်ပြမည်ဟု ထိုင်းမီဒီယာများက ဖော်ပြထားသည်။
ဘွန်ဂျိုင်ထိုင်းပါတီ (BJT) အမည်စာရင်းတင်သွင်းသော ဝန်ကြီးချုပ်လောင်း အနူတင်သည် ထိုင်းနိုင်ငံ လွှတ်တော် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် ထက်ဝက်ကျော် ထောက်ခံမှုရရှိခဲ့ပြီး ထိုင်းဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံရကာ မတ် ၂၀ ရက်၌ ထိုင်းဘုရင်၏ အတည်ပြုချက်ရရှိခဲ့သည်။ (Xinhua)

……………………
(Chinese Version)
泰国新一届内阁宣誓就职
新华社曼谷4月6日电(记者赵彩琳 常天童)由阿努廷·参威拉军担任总理兼内政部长的泰国新一届内阁6日傍晚在曼谷律实宫觐见泰国国王玛哈·哇集拉隆功,在御前宣誓就职。
阿努廷在宣誓仪式结束当晚主持召开特别内阁会议,讨论将向国会宣读的施政方针草案。泰国媒体说,阿努廷将于本周在国会作施政报告。
3月19日,自豪泰党提名的总理候选人阿努廷在泰国国会下议院选举中获得过半数支持,再次当选泰国总理,并于3月20日获国王批准。(完)
图说:4月6日,泰国新一届内阁在曼谷律实宫觐见泰国国王玛哈·哇集拉隆功。新华社发(泰国王室宫务处供图)