Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်းစစ်ပွဲက ဖွံ့ဖြိုးဆဲနိုင်ငံများကို ရိုက်ခတ်၊ စွမ်းအင်အသွင်ပြောင်းသည့်ခြေလှမ်း ပို၍ မြန်ဆန်လာနိုင်

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုတွင် ‌မော်တော်ယာဉ်များ ဆီဖြည့်ရန် ဆီဆိုင်၌ တန်းစီစောင့်ဆိုင်းနေကြသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတော်ကို စွမ်းအင်ဆိုင်ရာအရေးပေါ်အခြေအနေ ကြေညာခြင်း၊ အိန္ဒိယနိုင်ငံတစ်ဝန်း ဂတ်စ်အိုး ဝယ်ယူရန် တန်းစီနေကြခြင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ရှိ မော်တော်ကားများ ပြေးဆွဲမှု ရပ်တန့်ခြင်း၊ ချီလီနိုင်ငံတွင် စွမ်းအင်ဈေးနှုန်း မြင့်တက်ခြင်း၊ အီသီယိုးပီးယားနိုင်ငံ ဓာတ်ဆီဆိုင်လုပ်ငန်းရှင်များက “လောင်စာဆီသိုလှောင်” ထားခြင်း … လတ်တလောတွင် အရှေ့အလယ်ပိုင်းစစ်ရေးကြောင့် ဖြစ်ပေါ်သော စွမ်းအင်အကျပ်အတည်းက ဖွံ့ဖြိုးဆဲနိုင်ငံ အမြောက်အမြားအတွက် ပြင်းထန်သော ပြည်သူ့လူနေမှုဘဝ စိန်ခေါ်မှုများ ဆောင်ကြဉ်းခဲ့သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အန္တရာယ်ကို မြင့်တက်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် နိုင်ငံအများအပြားက စွမ်းအင်အသွင်ပြောင်းရန် အရှိန်မြှင့်လုပ်ဆောင်ရေးကို ထည့်သွင်းစဉ်းစားလာကာ အစိမ်းရောင်အသွင်ပြောင်းမှု လုပ်ငန်းစဉ်ကို တွန်းအားပေးခဲ့သည်။

ပြည်သူ့လူနေမှုဘဝ အကျပ်အတည်း – ပြင်းထန်သောစိန်ခေါ်မှု အရေးတကြီးဖြစ်နေ
မတ်လနှောင်းပိုင်းတွင် ဖိလစ်ပိုင်က နိုင်ငံတော်ကို စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဖိလစ်ပိုင် Cebu Pacific Air နှင့် Philippine Airlines ကုမ္ပဏီတို့သည် လေယာဉ်ခရီးစဉ်အချို့ကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး စူပါမားကတ်ကြီးများစွာကလည်း စွမ်းအင်သုံးစွဲမှုလျှော့ချရန်အတွက် လုပ်ငန်းလည်ပတ်ချိန်ကို လျှော့ချရန် ရွေးချယ်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် မတ်လဆန်းပိုင်းမှစ၍ ဟိုတယ်နှင့် စားသောက်ဆိုင် ငါးပုံတစ်ပုံခန့်က အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပိတ်ထားခဲ့သည်။ နိုင်ငံတစ်ဝန်းတွင်လည်း ဂတ်စ်အိုးများ စောင့်ဆိုင်း ဝယ်ယူရန် ရှည်လျားစွာ တန်းစီနေကြသည်ကို မြင်တွေ့ရသည်။ အိန္ဒိယအိမ်ထောင်စု ၃၃၃ သန်းကျော်အတွက် မီးဖိုဆောင်လောင်စာထောက်ပံ့မှုသည် ခြိမ်းခြောက်ခံနေရပြီး အစိုးရအနေဖြင့် ခွဲတမ်းပေးခြင်းနှင့် ချွေတာရေး အစီအမံများကို မဖြစ်မနေ ဖော်ဆောင်ခဲ့ရကြောင်း အိန္ဒိယစွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် အငှားယာဉ်ဝန်ဆောင်မှုသည် ဓာတ်ဆီပြတ်လပ်မှု သက်ရောက်ခြင်းကြောင့် ယာဉ်အမြောက်အမြား ပြေးဆွဲမှု ရပ်ဆိုင်းထားပြီး အဝေးပြေးခရီးသွားလာမှုအပေါ် သက်ရောက်မှုမှာ အသိသာဆုံးဖြစ်သည်။ ထိုင်းနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းများသည် အဆက်မပြတ် မြင့်တက်လာသော လောင်စာဆီကုန်ကျစရိတ်များကို ကာမိစေရန်အလို့ငှာ လေယာဉ်လက်မှတ်ဈေးနှုန်းများကို မြှင့်တင်ခဲ့သည်။
လာအိုနိုင်ငံတွင် အစိုးရသည် လောင်စာဆီ သုံးစွဲခွန်များ လျှော့ချခြင်း၊ ထောက်ပံ့ငွေ ပေးခြင်း စသည့် အစီအမံများမှတစ်ဆင့် ဓာတ်ဆီဈေးနှုန်းများ တည်ငြိမ်အောင် လုပ်ဆောင်ခဲ့သည်။ လျှပ်စစ်ကား (EV) များ အသုံးပြုခြင်းကို အားပေးကာ သွင်းကုန် EV ကားများ၏ စည်းကြပ်ခွန်များ လျှော့ချပေးပြီး EV ကားဝန်ဆောင်မှု အခကြေးငွေကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လောင်စာဆီယာဉ်များအတွက် သက်ဆိုင်ရာအခကြေးငွေကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး ကျောင်းတက်ရက်ကို တစ်ပတ်လျှင် ငါးရက်မှ သုံးရက်အထိ လျှော့ချမည်ဖြစ်သည်။
ထို့ပြင် ချီလီနိုင်ငံတွင် လောင်စာဆီဈေးနှုန်းများ လတ်တလော သိသိသာသာမြင့်တက်လာကာ ဓာတ်ဆီဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းခန့်၊ ဒီဇယ်ဈေးနှုန် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ယင်းအနက် ဝေးလံသောဒေသများနှင့် ကျွန်းစုဒေသများတွင် မြင့်တက်သည့်ပမာဏမှာ ပိုမိုမြင့်၍ ဒေသခံများ၏ ခရီးသွားလာမှု၊ အပူပေးစနစ်နှင့် ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်များကို တိုက်ရိုက်မြင့်တက်သွားစေခဲ့သည်။
အာဖရိကတွင်လည်း အီသီယိုးပီးယားစသည့် နိုင်ငံအချို့၌ လောင်စာဆီဈေးနှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ လစ်ဗျားနိုင်ငံ သမ္မတကောင်စီဥက္ကဋ္ဌ Mohamed Younis al-Menfi က နိုင်ငံ၏ အမျိုးသားရေနံကုမ္ပဏီအနေဖြင့် ရေနံထုတ်လုပ်ရေးလုပ်ကွက်များနှင့် ဆက်စပ်သော သဘောတူညီချက်အသစ်များ လက်မှတ်ရေးထိုးခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

စီးပွားရေး အန္တရာယ် – ကဏ္ဍမျိုးစုံ ထိခိုက်ပျက်စီးခြင်းက လူမှုရေးမငြိမ်မသက်မှုဖြစ်စေနိုင်
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပွားသော စွမ်းအင်အကျပ်အတည်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကစီးပွားရေးမဏ္ဍိုင်ကို ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိပြီး ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်များကို မြင့်တက်စေကာ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်၍ ဘဏ္ဍာရေးအခြေအနေများ ဆိုးရွားစေသည့်အပြင် ဘဏ္ဍာရေးဈေးကွက် မငြိမ်မသက်မှု အန္တရာယ်များကို ဖြစ်ပေါ်စေသည်ဟု နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက ယူဆကြသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၁၁ ရက်အထိ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် အရေအတွက်သည် ၂၀၂၅ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၄.၄ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ မကြာသေးမီရက်က ထုတ်ပြန်သော စာရင်းအင်းများတွင် ဖော်ပြထားသည်။ အကယ်၍ အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ၃ လဆက်တိုက်ကြာဖြစ်ပွားပါက ထိုင်းနိုင်ငံအတွက် ထိုင်းဘတ် ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၆၁၄ သန်းခန့်) ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်က ခန့်မှန်းထားသည်။
ချီလီအစိုးရက ဘဏ္ဍာရေးအခြေအနေ ဆိုးရွားလာမှုကြောင့် မူဝါဒလှုပ်ရှားနိုင်မှုအလားအလာ ကျဉ်းမြောင်းသွားကြောင်း၊ ကမ္ဘာ့ရေနံဈေးမြင့်မားသည့် အခြေအနေတွင် အစိုးရအနေဖြင့် “ကုန်ဈေးနှုန်း တည်ငြိမ်ရေး”၊ “ဘဏ္ဍာရေးကဏ္ဍ ထိန်းသိမ်းနိုင်ရေး” ဟူသည့် အကျပ်အတည်းနှစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ချီလီ Central University မှ စီးပွားရေးပညာရှင် Francisco Castañeda က ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ယခုအကြိမ်ဈေးတက်ခြင်းမှာ “(ချီလီ) ကုန်ထုတ်လုပ်မှုကွင်းဆက်တွေကို အခက်အခဲဖြစ်စေတယ်။ အထူးသဖြင့် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး စတဲ့ စွမ်းအင်ထည့်ဝင်မှုကို အားထားနေရတဲ့ လုပ်ငန်းတွေ ဖြစ်တယ်” ဟု ပြောကြားခဲ့သလို “နောက်ဆုံးတော့ ပိုမိုမြင့်မားတဲ့စရိတ်စကတွေကို ကုမ္ပဏီလုပ်ငန်းတွေက တာဝန်ယူကျခံရမှာဖြစ်တယ်” ဟူ၍လည်း သတိပေးပြောကြားခဲ့သည်။
ရဝမ်ဒါနိုင်ငံ စီးပွားရေး သုံးသပ်သူ Straton Habyarimana က “အကယ်၍ (စွမ်းအင်) အကျပ်အတည်း ဆက်တိုက်ဖြစ်နေမယ်ဆိုရင် သွင်းကုန်ကြောင့်ဖြစ်ပွားတဲ့ ငွေကြေးဖောင်းပွမှုဖိအားနှင့် သယ်ယူပို့ဆောင်မှု၊ စားသောက်ကုန် စရိတ်စကများ ခုန်တက်သွားမှုတွေက အာဖရိကဒေသတစ်ခွင်ကို ထိခိုက်နိုင်တယ်” ဟု ပြောကြားခဲ့သည်။
စွမ်းအင်ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် Goldman Sachs က မကြာမီရက်ပိုင်းတွင် အိန္ဒိယ၏ ၂၀၂၆ ခုနှစ် စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ၅.၉ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချခဲ့ပြီး ယခုနှစ် အိန္ဒိယသည် စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ ငွေကြေးဖောင်းပွမှု ပို၍ ဆိုးရွားခြင်းနှင့် ငွေကြေးတန်ဖိုးကျဆင်းခြင်း ဖိအားများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။
အိန္ဒိယ Observer Research Foundation (ORF) အရှေ့အလယ်ပိုင်းရုံးခွဲ ရာသီဥတုနှင့် စွမ်းအင်ကဏ္ဍ သုတေသီ Parul Bakshi က ဟော်မုဇ်ရေလက်ကြားဖြတ်သန်းသွားလာမှု တားဆီးခံရခြင်းက အိန္ဒိယ စီးပွားရေးအပေါ် ရိုက်ခတ်မှုမှာ အထူးပင် သိသာထင်ရှားကြောင်း မကြာမီရက်ပိုင်းက ဆောင်းပါးတွင် ဖော်ပြထားသည်။
အိန္ဒိယတွင် ဓာတ်ငွေ့ရည် (LPG) ကို အဓိကအားဖြင့် အရပ်ဘက်တွင် အသုံးပြုကြရာ မိသားစု စားသောက်ကုန်ဖူလုံရေး၏ အချက်အချာဖြစ်ကြောင်း၊ မည်သည့် ထောက်ပံ့မှုအနှောင့်အယှက်မဆို အိန္ဒိယလူမှုအသိုက်အဝန်းကို ကယောက်ကယက်ဖြစ်စေသည့် မီးစ ဖြစ်လာနိုင်ကြောင်း သုံးသပ်သူများက ယူဆကြသည်။

တုံ့ပြန်ဆောင်ရွက်မည့် နည်းလမ်းများ – တင်သွင်းမှုအသွင်ပုံစံ စုံလင်စေရန် ကြိုးပမ်းခြင်း သို့မဟုတ် စွမ်းအင်အသွင်ပြောင်းမှု အရှိန်မြှင့်တင်ခြင်း
လက်ရှိ စွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားသည် စွမ်းအင်တင်သွင်းမှုအသွင်ပုံစံ စုံလင်အောင် ကြိုးပမ်းလာနိုင်သလို ပြည်တွင်းစွမ်းအင် အသွင်ပြောင်းမှုအရှိန်မြှင့်တင်ရန် စဉ်းစားကာ ရုပ်ကြွင်းလောင်စာစွမ်းအင်အပေါ် ဖွဲ့စည်းပုံအရမှီခိုနေရခြင်းကို လျှော့ချနိုင်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အသွင်ပြောင်းမှုသည် တွန်းအားသစ်များ ရရှိနိုင်မည်ဟု မျှော်မှန်းရကြောင်း သုံးသပ်သူများက ယူဆကြသည်။
Parul Bakshi က အိန္ဒိယအနေဖြင့် ၎င်း၏ စွမ်းအင်ထောက်ပံ့ရေး ထိလွယ်ရှလွယ်ဖြစ်ခြင်းပြဿနာကို ဖြေရှင်းရာတွင် စွမ်းအင်ထောက်ပံ့မှုအရင်းအမြစ်အသွင်ပုံစံ စုံလင်ခြင်း၊ အရန်သိုလှောင်မှုတိုးချဲ့ခြင်း၊ အခြေခံ အဆောက်အဦ တည်ဆောက်မှု အဆင့်မြှင့်တင်ခြင်းနှင့် စွမ်းအင်အသွင်ပြောင်းမှုအရှိန်ကို မြှင့်တင်ခြင်း အပါအဝင် အစီအမံမျိုးစုံ လုပ်ဆောင်ရန် လိုအပ်သည်ဟု ယူဆသည်။ ရေရှည်ကြည့်မည်ဆိုလျှင် ဓာတ်ငွေ့ရည် (LPG) နှင့် သဘာဝဓာတ်ငွေ့ရည်(LNG)သိုလှောင်မှု အခြေခံအဆောက်အဦကို တိုးချဲ့ခြင်းသည် စွမ်းအင်ပြတ်လပ်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် အရေးကြီးသည့် ပြေလျော့စေမှုဖြစ်နိုင်ကြောင်း၊ ထို့အပြင် ရုပ်ကြွင်းလောင်စာ တင်သွင်းမှုအပေါ် ဖွဲ့စည်းပုံအရ မှီခိုအားထားနေရခြင်းကို လျှော့ချရန်အတွက် အိန္ဒိယနိုင်ငံ ပြည်တွင်း စွမ်းအင်ဖွဲ့စည်းပုံအသွင်ပြောင်းမှုကို အရှိန်မြှင့်တင်ရန် အလွန်အရေးကြီးကြောင်း ၎င်းက ယူဆသည်။
စွမ်းအင်လိုအပ်မှုကို ရင်ဆိုင်ရာတွင် ဖိလစ်ပိုင်နိုင်ငံက တင်သွင်းသည့်လမ်းကြောင်းများကို တိုးချဲ့ရန် အလျင်စလို ဆောင်ရွက်လျက်ရှိသည်။ The Philippine Star ဝါရင့်သုံးသပ်သူ လီထျန်းရုန်က ဖိလစ်ပိုင်နိုင်ငံသည် နေရောင်ခြည်စွမ်းအင်၊ ဘတ်ထရီစွမ်းအင်သိုလှောင်မှုနှင့် လျှပ်စစ်ကား တည်ဆောက်မှု ကဏ္ဍများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပြီး ကမ္ဘာ့အစိမ်းရောင်ထောက်ပံ့ရေးကွင်းဆက်တွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပေါင်းစည်းစေရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း ယူဆသည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အမှုဆောင်ဒါရိုက်တာ Fatih Birol က ယခုအကြိမ် စွမ်းအင်အကျပ်အတည်းသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများကို မူဝါဒပြင်ဆင်ချိန်ညှိမှု စတင်လုပ်ဆောင်စေလိမ့်မည်ဟု ခန့်မှန်းထားသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသွင်ပြောင်းမှုသည်လည်း တွန်းအားသစ်များ ရရှိစေမည်ဖြစ်ကြောင်း၊ နျူကလီးယားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် တစ်ဖန်ပြန်၍ အလေးထားခံရနိုင်သလို လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများအတွက်လည်း တွန်းအားဖြစ်စေကြောင်း၊ သို့သော် တစ်ချိန်တည်းတွင်ပင် သဘာဝဓာတ်ငွေ့မဟုတ်ဘဲ ကျောက်မီးသွေးအသုံးပြုမှုကလည်း တစ်ဖန်ပြန်၍ များပြားလာနိုင်ကြောင်း ၎င်းက ယူဆသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၁၆ ကြိမ်မြောက် တရုတ် နိုင်ငံတကာ သန့်ရှင်းစွမ်းအင်ပြပွဲ(CEEC 2026)တွင် လာရောက်ကြည့်ရှုသူအား ပြသထားသည့်ကုန်ပစ္စည်းအား မိတ်ဆက်ပေးနေသည့် ဝန်ထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဘိုးအောက် ကာဗွန်သုည ရှေ့ပြေးဇုန်တွင် ရိုက်ကူးသော အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နိုင်ငံတကာကွန်ဖရင့်စင်တာနှင့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ဟိုတယ်အဆောက်အဦ၏ ခေါင်မိုးရှိ ဆိုလာပစ္စည်းများအား ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………

(Chinese Version)

综述|中东战事冲击发展中国家 或加速能源转型步伐
新华社北京4月7日电 题:中东战事冲击发展中国家 或加速能源转型步伐   新华社记者闫亮
菲律宾宣布国家进入能源紧急状态、印度各地排队采购燃气罐、泰国曼谷素万那普机场大批车辆暂停运营、智利能源价格大涨、埃塞俄比亚加油站经营者“囤油”……近期,中东战事引发的能源危机给许多发展中国家带来严峻的民生挑战,增加了经济发展风险,同时也促使不少国家考虑加快能源转型,推进绿色转型进程。
民生困境:严峻挑战迫在眉睫
3月底,菲律宾宣布国家进入能源紧急状态。受燃油价格上涨拖累,菲律宾宿务太平洋航空公司与菲律宾航空公司宣布暂停部分航班,多家大型商超选择缩短营业时间以降低能耗。
在印度孟买,从3月初开始,约五分之一的酒店和餐馆全部或部分关闭。该国各地还出现排长队购买燃气罐的现象。印度能源部门表示,超过3.33亿户印度家庭的厨房燃料供应受威胁,政府被迫启动配给制与节约措施。
在泰国曼谷素万那普机场,出租车服务因缺油受到冲击,大批车辆暂停运营,长途出行所受影响最为明显。泰国国内航空公司上调机票价格,试图对冲不断攀升的燃油成本。
在老挝,政府通过削减燃油消费税、拨款补贴等措施稳定油价;鼓励使用电动汽车,降低进口电动汽车关税,将电动汽车服务费下调30%,同时将燃油车相关费用提高30%;将学校每周上课天数从五天减少至三天。
在智利,燃油价格近期大幅上涨,汽油涨幅约30%,柴油涨幅达50%至60%,其中偏远和岛屿地区的涨幅更高,直接推高居民出行、取暖和物流运输的成本。
在非洲,埃塞俄比亚等一些国家燃油价格飙升。利比亚总统委员会主席曼菲要求该国国家石油公司停止签署涉及在产油田相关新协议。
经济风险:多层面受损或引发社会动荡
国际观察人士认为,中东战事引发的能源危机正严重冲击发展中国家的经济支柱,推高通胀预期,威胁粮食安全,恶化财政状况,引发金融市场震荡风险。
泰国旅游与体育部日前统计数据显示,2026年1月1日至3月11日,泰国接待游客人数与2025年同期相比下降4.4%。泰国商会大学预测,若中东冲突持续3个月,可能会给泰国带来200亿泰铢(约合6.14亿美元)的损失。
智利政府称,由于财政状况恶化压缩了政策回旋空间,在国际油价高企背景下,政府面临“稳物价”与“保财政”的两难境地。智利中央大学经济学家弗朗西斯科·卡斯塔涅达接受新华社记者采访时表示,此轮涨价“正给(智利)所有生产链条带来问题,特别是采矿、建筑、农业等依赖能源投入的行业”,并警告“最终更高的成本将由企业承担”。
卢旺达经济分析师斯特拉顿·哈比亚利马纳说:“如果(能源)危机持续,输入性通胀压力以及运输和食品价格的飙升将影响整个非洲地区。”
受能源价格上涨影响,高盛近日将印度2026年经济增长预期进一步下调至5.9%,警告今年印度将面临经济增长放缓、通胀加剧及货币贬值压力。
印度智库观察家研究基金会中东分部气候与能源研究员帕鲁尔·巴克希日前刊文说,霍尔木兹海峡通行受阻对印度经济冲击尤为明显。观察人士认为,印度液化石油气以民用为主,是家庭饮食安全的关键,任何供应扰动都可能成为印度社会动荡的导火索。
应对之策:寻求进口多元化或加快能源转型
专家认为,面对当前的能源困境,不少发展中国家或寻求能源进口多元化,或考虑加快国内能源转型、降低对化石能源的结构性依赖,向可再生能源转型有望获得新动力。
巴克希认为,印度解决其能源供应脆弱性问题需要采取多种措施,包括推进能源供应来源多元化、扩大储备、升级基础设施建设和加速能源转型。从长远看,扩大液化石油气和液化天然气储存基础设施,可为应对能源中断提供重要缓冲。此外,为降低对进口化石燃料的结构性依赖,加快印度国内能源结构转型至关重要。
面对能源短缺,菲律宾正急于拓宽进口渠道。《菲律宾星报》资深评论员李天荣认为,菲律宾迫切需要吸引外资进入太阳能、电池储能及电动汽车制造领域,深度融入全球绿色供应链。
国际能源署署长法提赫·比罗尔预测,此次能源危机将引发世界各国政府启动新一轮政策调整。他认为,向可再生能源转型将会获得新动力,核电将再度受到重视,电动汽车产业将得到推动,但同时也会重新更多地使用煤炭而非天然气。(完)
1. 3月17日,在斯里兰卡首都科伦坡,人们在加油站附近排队等待为车辆加油。 (配本社同题文字稿) 新华社发(蒂拉纳·卡卢托塔格摄)
2. 3月26日,工作人员向参观者介绍展品。 3月25日至27日,为期三天的第十六届中国国际清洁能源博览会(CEEC 2026)在北京国家会议中心举行。新华社记者 潘旭 摄
3. 在博鳌零碳示范区拍摄的博鳌亚洲论坛国际会议中心和博鳌亚洲论坛大酒店屋顶的光伏设备(3月19日摄,无人机照片)。