Connect with us

Africa & Middle East

အီရန်ရှိ အကြီးဆုံး ရေနံဓာတုအဆောက်အဦကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောကြား

အီရန်နိုင်ငံ ကာရက်ဂျ်မြို့ရှိ B1 လမ်းတံတား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အခြေအနေအား ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အစ္စရေး ကာကွယ်ရေးတပ်က ဧပြီ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ အီရန်နိုင်ငံ တောင်ပိုင်း Asaluyeh ဒေသရှိ အကြီးစား ရေနံဓာတုဘက်စုံအဆောက်အဦတစ်နေရာအား ယင်းနေ့တွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအဆောက်အဦမှာ အီရန်နိုင်ငံ၏ ပမာဏအကြီးဆုံးသော ရေနံဓာတ်တု ဘက်စုံအဆောက်အဦ ဖြစ်ကြောင်း ဖော်ပြထားသည်။
ရေနံဓာတု ဘက်စုံအဆောက်အဦကြီးနှစ်ခုအား အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီးဖြစ်ရာ အီရန် ရေနံဓာတုထုတ်ကုန်တင်ပို့မှုစွမ်းရည် ၈၅ ရာခိုင်နှုန်းကျော် ပြင်းပြင်းထန်ထန် ဖျက်ဆီးခံထားရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Asaluyeh ဒေသ သက်ဆိုင်ရာ အဆောက်အဦအတွင်း၌ ဖောက်ခွဲပစ္စည်းနှင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တွန်းကန်ပစ္စည်း စသည်တို့ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကအခြေခံအဆောက်အဦများ ထားရှိထားရာ အီရန်ဒုံးကျည်စက်မှုလုပ်ငန်း၏ အရေးကြီးသော ကုန်ကြမ်းထောက်ပံ့ရေး အချက်အချာဖြစ်ကြောင်း၊ အီရန်စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုစွမ်းရည်ကို “ကျယ်ကျယ်ပြန့်ပြန်နှင့် ဆက်တိုက် ဖျက်ဆီးသွားရန်အတွက်” ရည်ရွယ်ပြီး အစ္စရေးစစ်တပ်အနေဖြင့် အီရန်လက်နက်ထုတ်လုပ်ရေးအချက်အချာ အခြေခံအဆောက်အဦများအပေါ် တိုက်ခိုက်မှုကို အဆက်မပြတ် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဧပြီ ၆ ရက် အစောပိုင်းတွင် အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က အီရန်ရှိ အကြီးဆုံး ရေနံဓာတုအဆောက်အဦကို အစ္စရေးစစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အီရန်မီဒီယာများ၏ ယင်းနေ့သတင်းများအရ အီရန်နိုင်ငံ Bushehr ပြည်နယ် Asaluyeh နှင့် South Pars ရေနံဓာတုစက်ရုံများသည် ရန်သူစစ်တပ်၏တိုက်ခိုက်မှုခံရပြီး ပေါက်ကွဲသံများအချက်များစွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ အမေရိကန်နှင့် အစ္စရေးတို့က ယင်းနေရာကို ထပ်မံတိုက်ခိုက်ခဲ့ရာ Asaluyeh ရှိ ရေနံဓာတုထုတ်လုပ်ရေးစက်ပစ္စည်းများ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် ပျက်စီးသည့်အနေအထားကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လူသေဆုံးဒဏ်ရာရမှု အစီရင်ခံခြင်း မရှိသေးကြောင်း Tasnim သတင်းအေဂျင်စီက ဒေသခံအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ (Xinhua)

———————–
(Chinese Version)
以军称空袭伊朗最大石油化工设施
新华社耶路撒冷4月6日电(记者王卓伦 庞昕熠)以色列国防军6日发表声明称,当天对伊朗南部阿萨卢耶地区一处大型石化综合设施实施空袭,该设施为伊朗规模最大的石化综合体。
声明说,以军已对伊朗两大石化综合体实施打击,导致伊朗超过85%的石化产品出口能力遭重创。
声明称,阿萨卢耶相关设施内设有用于生产爆炸物和弹道导弹推进剂等材料的关键基础设施,是伊朗导弹工业重要的原料供应枢纽。以军将继续加大对伊朗武器生产核心基础设施的打击力度,旨在对其军事制造能力造成“广泛而持续的破坏”。
6日早些时候,以色列国防部长卡茨说,以军空袭了伊朗最大石油化工设施。据伊朗媒体当天报道,伊朗布什尔省阿萨卢耶和南帕尔斯的石油化工厂“遭敌军袭击”,传出数声爆炸声。塔斯尼姆通讯社援引当地官员的话报道说,美国和以色列再次对这里发动袭击,阿萨卢耶的石化生产装置遭袭受损。目前正在调查受损程度,暂无人员伤亡的报告。(完)
1. 这是4月3日拍摄的伊朗卡拉季市贝伊克公路桥遭空袭受损状况。新华社发