Connect with us

Asia

ဒရုန်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ တောင်ကိုရီးယားသမ္မတ၏ ပြောကြားချက်အပေါ် ကင်ယိုဂျွန်က အပြုသဘောဖြင့် တုံ့ပြန်

ပြုံယမ်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား ဒရုန်းတစ်စင်း မြောက်ကိုရီးယားလေပိုင်နက်ထဲသို့ ကျူးကျော်မှုဖြစ်ရပ်အပေါ် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က စိတ်မကောင်းဖြစ်ကြောင်းနှင့် အစီအမံများ ချမှတ်ပြီး ထိုကဲ့သို့သော ဖြစ်ရပ်များ ထပ်မံဖြစ်ပွားမှုကို တားဆီးရန် ပြောကြားခြင်းမှာ ပညာရှိဆန်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း မြောက်ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ ညွှန်ကြားရေးမှူး ကင်ယိုဂျွန်က ပြောကြားခဲ့သည်ဟု KCNA သတင်းဌာန၏ ဧပြီ ၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ယင်းသည် ပွင့်လင်းပြီး သဘောထားကြီးသော အပြုအမူကို ဖော်ပြခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်၏ ထုတ်ပြန်ချက်ကို ကင်ယိုဂျွန်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားအပေါ် စွန့်စားရန်စသော မည်သည့်လုပ်ရပ်ကိုမဆို ရပ်တန့်သင့်သလို ထိတွေ့ရန် ကြိုးပမ်းသော မည်သည့်လုပ်ရပ်ကို မဆိုလည်း စွန့်လွှတ်သင့်ကြောင်း၊ အကယ်၍ ရန်စမှုဖြစ်ရပ်များ ထပ်မံဖြစ်ပွားပါက တောင်ကိုရီးယားအနေဖြင့် ခံနိုင်ရည်မရှိလောက်အောင် ပေးဆပ်ရမည်ဖြစ်ကြောင်း ကင်ယိုဂျွန်က ပြောကြားခဲ့သည်။
လီဂျေမြောင်သည် ဧပြီ ၆ ရက် အိမ်ပြာတော်တွင် နိုင်ငံတော်ကောင်စီ အစည်းအဝေးခေါ်ယူကျင်းပစဉ် ဒရုန်းဖြစ်ရပ်သည် တောင်ကိုရီးယားအစိုးရ၏ မူလရည်ရွယ်ချက်မဟုတ်သော်လည်း လူအချို့၏ တာဝန်မဲ့မှု၊ မဆင်ခြင်သော လုပ်ရပ်များကြောင့် မလိုအပ်သော စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်စေခဲ့ရာ ယင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံထံသို့ စိတ်မကောင်းဖြစ်ရကြောင်း Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

………………………..
(Chinese Version)
金与正积极评价韩国总统就无人机事件的表态
新华社平壤4月6日电(记者王天僚)据朝中社6日报道,朝鲜劳动党中央委员会部长金与正说,韩国总统李在明就韩方无人机入侵朝鲜领空事件表示遗憾并谈及采取措施防范类似事件再发,这是明智之举。
金与正说,朝鲜国家元首表示,这展现了坦率而大方的姿态。
金与正强调,韩方应停止任何对朝鲜的冒险挑衅行为,也该放弃任何试图接触的行为,若挑衅事件再发生,韩方将付出难以承受的代价。
据韩联社报道,李在明6日在青瓦台主持召开的国务会议上说,无人机事件并非韩国政府的本意,但由于部分人不负责任、鲁莽的行为引发了不必要的军事紧张局势,对此向朝方表示遗憾。(完)