Connect with us

Africa & Middle East

အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် ကြီးမားသော မှားယွင်းသည့် အကဲဖြတ်မှုရှိကြောင်း၊ အကျပ်အတည်းအတွင်း ထရမ့်အစိုးရ ကျရောက်နေကြောင်း အီရန်ကျွမ်းကျင်ပညာရှင် ဆို

အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ Azadi အားကစားကွင်းအတွင်းရှိ ပျက်စီးသွားသော အားကစားရုံကို ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
အမေရိကန်အစိုးရက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတွင် ချိန်ဆမှုနှင့် ကြိုတင်အကဲဖြတ်မှုများ၌ ကြီးမားသော မှားယွင်းမှုရှိနေကြောင်း၊ ၎င်းတို့၏ မဟာဗျူဟာရည်မှန်းချက်များအားလုံးကို မဖော်ဆောင်နိုင်သည့်အပြင် “ပိုမိုရုန်းကန်လေ ပိုမိုခက်ခဲလေ” ဟူသည့် အခင်းအကျင်းအတွင်းသို့ ကျရောက်နေပြီဖြစ်ကြောင်း အီရန် သံတမန်ရေးရာမူဝါဒ ကျွမ်းကျင်ပညာရှင် Abas Aslani က ဧပြီ ၆ ရက်တွင် တီဟီရန်၌ ဆင်ဟွာသတင်းထောက် မေးမြန်းမှုကို ဖြေကြားမှုအတွင်း ပြောကြားခဲ့သည်။
သီတင်းပတ်အနည်းငယ်အကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် တီဟီရန်သည် မည်သည့်ပျော့ညံ့ခြင်း သို့မဟုတ် အရှုံးပေးအညံ့ခံခြင်း အရိပ်အယောင်မဆို မရှိကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်နှင့် အစ္စရေးသည် အီရန်၏ စွမ်းအင်၊ သိပ္ပံ၊ ဆေးကုသရေးနှင့် စက်မှုလုပ်ငန်း အခြေခံအဆောက်အဦများအား တိုက်ခိုက်လျက်ရှိရာ ယင်းသည် ၎င်းတို့၏စစ်ရေးနှင့် မဟာဗျူဟာမြောက်အရ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မှု မရှိခြင်းကို ဖော်ပြနေကြောင်း၊ ဒေသတွင်းတစ်ခုလုံးအပေါ် အလွန်အန္တရာယ်ကြီးမားသည့်နည်းလမ်းဖြင့် စစ်ပွဲကို ဆက်လက်လုပ်ဆောင်ရန်အတွက် ၎င်းတို့သည် အီရန်ပြည်သူများအား ထိခိုက်နစ်နာအောင် လုပ်ဆောင်ခြင်းမှတစ်ဆင့် အီရန်အစိုးရထံ ဖိအားပေးရန် လုပ်ဆောင်လာသည့်အပြင် နျူကလီးယား အဆောက်အဦများကိုပါ တိုက်ခိုက်မှု လုပ်ဆောင်လာကြောင်း Abas Aslani က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်မှုရည်ရွယ်ချက်သည် အီရန်နိုင်ငံအစိုးရနှင့် နိုင်ငံရေးစနစ်ကို ပြောင်းလဲကာ အီရန်စစ်ရေးစွမ်းရည်နှင့် အခြေခံအဆောက်အဦအား ဖျက်ဆီးရန်ဖြစ်ကြောင်း၊ သို့သော် အီရန်က လက်ရှိတွင် အမေရိကန်တိုက်လေယာဉ်များကို ပစ်ချနိုင်ဆဲဖြစ်သလို တိုက်ခိုက်မှုများကိုလည်း တုံ့ပြန်နိုင်နေဆဲဖြစ်ကြောင်း၊ “ယင်းသည် အမေရိကန်နှင့် အစ္စရေးက ၎င်းတို့၏ မဟာဗျူဟာရည်မှန်းချက်ကို မဖော်ဆောင်နိုင်ကြောင်း ဆိုလိုနေသည်” ဟု Abas Aslani က ဆိုသည်။
ထရမ့်အစိုးရအနေဖြင့် အတိုင်းအတာတစ်ခုတွင် လက်ရှိအခြေအနေအပေါ် “ဒေါသထွက်မှုနှင့် ခြေကုန်လက်ပန်းကျမှု ခံစားရကြောင်း” Abas Aslani က ယူဆသည်။ “အကျပ်အတည်းမှ လွတ်မြောက်နိုင်သည့် ထွက်ပေါက် သို့မဟုတ် နောက်ဆုတ်ရန်လမ်း ရှာမတွေ့” သဖြင့် ၎င်းတို့သည် အခြေအနေကို တစ်ဆင့်တိုးအရှိန်မြှင့်ရန် ကြိုးပမ်းလာကြောင်း၊ သို့သော်ပဋိပက္ခ ပိုမိုကြာရှည်လာလေလေ အခြေအနေက အမေရိကန်အတွက် ပိုမိုရှုပ်ထွေးလာလေ ဖြစ်သလို နောက်ဆက်တွဲရလဒ်သည်လည်း ပိုမိုဆိုးရွားလာကြောင်း၊ ထရမ့်အစိုးရအနေဖြင့် မိမိ၏အခြေအနေသည် “မည်သည့်အချိန်ကထက်မဆို ခက်ခဲကျပ်တည်းတာကို” တွေ့ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
伊专家:美以对伊存巨大误判 特朗普政府已陷入困境
新华社德黑兰4月6日电(记者沙达提)伊朗外交政策专家阿巴斯·阿斯拉尼6日在德黑兰接受新华社记者采访时说,美国政府对伊军事行动的考量和预判存在“巨大错误”,其战略目标均未达成,且已陷入“越挣扎越困难”的局面。
阿斯拉尼说,经历数周冲突,德黑兰没有表现出任何软弱或投降的迹象。与此同时,美以正攻击伊朗能源、科学、医疗和工业基础设施,这表明其在军事和战略上未能实现目标,企图通过伤害伊朗民众向伊政府施压,甚至袭击核设施,以“对整个地区都非常危险的方式”继续战争。
阿斯拉尼表示,美以入侵目的是改变伊朗政权和政体,并摧毁伊军事能力和基础设施。但伊朗目前依旧能够击落美国战机,并对攻击作出回应,“这意味着美以未能达成其战略目标”。
阿斯拉尼认为,特朗普政府在某种程度上对现状“感到愤怒和精疲力竭”。因“找不到摆脱困境的出路或退路”,他们试图进一步升级局势。但冲突持续越久,局面对美国而言就越复杂,后果也越严重,特朗普政府将发现自己的处境“比任何时候都更加艰难”。(完)
图说:这是4月3日在伊朗首都德黑兰的阿扎迪体育场内拍摄的受损体育馆。新华社记者 沙达提 摄