Connect with us

Africa & Middle East

ဟော်မုဇ်ရေလက်ကြားကို သီတင်းပတ်နှစ်ပတ်ကြာ ဘေးကင်းစွာဖြတ်သန်းသွားနိုင်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်နိုင်ငံ တီဟီရန်မြို့၏ မြို့ပြမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အီရန်စစ်တပ်နှင့် ညှိနှိုင်းမှုအားဖြင့်လည်းကောင်း၊ နည်းပညာဆိုင်ရာ အကန့်အသတ်များကို ထည့်သွင်းစဉ်းစားသောအားဖြင့်လည်းကောင်း ဟော်မုဇ်ရေလက်ကြားကို သီတင်းပတ် နှစ်ပတ်ကြာ ဘေးကင်းစွာဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီက ဧပြီ ၈ ရက်၌ ပြောခဲ့သည်။

ယင်းနေ့ အစောပိုင်းတွင် အီရန်၊ အမေရိကန်နှင့် အစ္စရေးအကြား ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက် ထွက်ပေါ်လာပြီးနောက် အာရက်ဂ်ချီက ဆိုရှယ်မီဒီယာပလက်ဖောင်း X ပေါ်၌ ပို့စ်တင်၍ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
အီရန်ကို တိုက်ခိုက်မှုများ ရပ်တန့်ပါက အီရန်၏ “အင်အားတောင့်တင်းတဲ့ တပ်မတော်က သူတို့ရဲ့ ခုခံကာကွယ်မှုတွေကို ရပ်တန့်ထားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif နှင့် ကာကွယ်ရေးဦးစီးချုပ် Asim Munir တို့အား “ဒေသတွင်း စစ်ပွဲအဆုံးသတ်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်မှုများအတွက်” ကျေးဇူးတင်ရှိကြောင်း အာရက်ဂ်ချီက ပြောခဲ့သည်။
ထို့ပြင် အီရန်နိုင်ငံ၏ အဆင့်မြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီကလည်း အီရန်အနေဖြင့် စစ်ပွဲအဆုံးသတ်ရေးအတွက် အချက် ၁၀ ချက်ပါဝင်သော အစီအစဉ်ကို လက်ခံရန် အမေရိကန်အား တွန်းအားပေးခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က “အီရန်ကို ဗုံးကြဲ တိုက်ခိုက်မှုများကို အချိန် နှစ်ပတ်ကြာ ရပ်ဆိုင်းထားခြင်း” ကို သ‌ဘောတူခဲ့ပြီးနောက် အထက်ပါ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်း၏ ထိုသို့ဆုံးဖြတ်ချက်ချရခြင်းမှာ “ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ၊ ချက်ချင်း ဘေးကင်းကင်းနဲ့ ဖွင့်လှစ်ရေး” ကို အီရန်က သဘောတူသည့်အတွက်ဖြစ်ကြောင်း ထရမ့်က Truth Social မီဒီယာ၌ ရေးသားထားသည်။
အစ္စရေးနှင့် အမေရိကန်တို့သည် ဖေဖော်ဝါရီ ၂၈ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့နှင့် အခြားနေရာများစွာကို ပူးတွဲတိုက်ခိုက်ခဲ့ကြရာ အီရန် အဆင့်မြင့်ဆုံးခေါင်းဆောင် အလီခါမေနီ၊ စစ်ဘက် အဆင့်မြင့်ကွပ်ကဲရေးမှူးနှင့် အရပ်သား အများအပြား သေဆုံးခဲ့သည်။ ထို့နောက် အီရန်ကလည်း အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် အမေရိကန် အခြေစိုက်စခန်းများကို ပစ်မှတ်ထားသည့် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှု အမြောက်အမြားဖြင့် လက်တုံ့ပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်က အစ္စရေးနှင့် အမေရိကန်ပိုင် သို့မဟုတ် မိတ်ဖက် ရေယာဉ်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာခြင်းမပြုနိုင်ရန် ဟော်မုဇ်ရေလက်ကြားကို တင်းကြပ်စွာ ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

အီရန်နိုင်ငံ တီဟီရန်မြို့၏ မြို့ပြမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Iranian FM says safe passage through Hormuz Strait possible for 2 weeks
TEHRAN, April 8 (Xinhua) — Iranian Foreign Minister Seyed Abbas Araghchi said early Wednesday that subject to coordination with the Iranian armed forces and consideration of technical limitations, safe passage through the Strait of Hormuz would be possible for a period of two weeks.
Araghchi made the remarks in a post on the social media platform X, following the announcement of a temporary ceasefire earlier in the day between Iran, the United States and Israel.
He said if attacks against Iran are stopped, Iran’s “powerful armed forces will cease their defensive operations.”
Araghchi praised Pakistani Prime Minister Shehbaz Sharif and Chief of Army Staff Asim Munir “for their tireless efforts to end the war in the region.”
Separately, Iran’s Supreme National Security Council said early Wednesday that the country has forced the United States to accept its 10-point plan to end the war.
The announcement came after U.S. President Donald Trump said he had agreed to “suspend the bombing and attack of Iran for a period of two weeks.”
Trump wrote on Truth Social Tuesday that his decision is subject to Iran agreeing to “the complete, immediate, and safe opening of the Strait of Hormuz.”
On Feb. 28, Israel and the United States launched joint attacks on Tehran and several other Iranian cities, killing Iran’s then Supreme Leader Ali Khamenei, along with senior military commanders and civilians. Iran responded by launching waves of missile and drone strikes targeting Israel and U.S. bases and assets in the Middle East. At the same time, it tightened control over the Strait of Hormuz by denying safe passage to vessels belonging to or affiliated with Israel and the United States.
Photo 1, 2: This photo taken on April 8, 2026 shows an urban view in Tehran, Iran. (Xinhua/Shadati)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.