Connect with us

North America

အမေရိကန်-အီရန် အပစ်ရပ်မှု သတင်းကြောင့် ရွှေငွေဈေးနှုန်း များစွာ မြင့်တက်

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ တယ်ချင်းခရိုင် ယွီယွဲ့မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းက ရွှေထည်ပစ္စည်းများအား စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန်အကြား ခြွင်းချက်ဖြင့် သီတင်းပတ် နှစ်ပတ်ကြာ အပစ်ရပ်ရန် သဘောတူညီသည့် သတင်းများကြောင့် ရွှေနှင့်ငွေဈေးနှုန်းများသည် ဧပြီ ၇ ရက်တွင် ကျဆင်းလျက်ရှိရာမှ များစွာ မြင့်တက်လာခဲ့သည်။
နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဇွန်လအတွက် ရွှေအနာဂတ်ဈေးနှုန်းမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၈၀၀ ကျော်အထိ ရောက်ရှိသွားရာ မြင့်တက်မှုက အချိန်အတိုင်းအတာ တစ်ခုအတွင်း ၄ ရာခိုင်နှုန်းနီးပါး ရှိသလို မေလအတွင် ငွေအနာဂတ်ဈေးနှုန်းမှာ အချိန်အတိုင်းအတာတစ်ခုအတွင်း ၆.၅ ရာခိုင်နှုန်းကျော်ဖြင့် တစ်အောင်စလျှင် ကန်ဒေါ်လာ ၇၆ ကျော် ရှိခဲ့သည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဧပြီ ၇ ရက် ညနေပိုင်းတွင် ထရမ့်က လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ခဲ့ရာ ၎င်းအနေဖြင့် အီရန်အပေါ် ဗုံးကြဲမှုနှင့် တိုက်ခိုက်မှုကို သီတင်းပတ် နှစ်ပတ်ကြာ ရပ်တန့်ရန် သဘောတူကြောင်း၊ သို့သော် ယင်းမှာ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအား အပြည့်အဝ၊ ချက်ချင်း၊ လုံခြုံစွာ ဖွင့်လှစ်မှုကို သဘောတူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မကြာမီတွင်ပင် အီရန် အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးရုံးက သတင်းထုတ်ပြန်ခဲ့ရာ အီရန်အနေဖြင့် အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် သီတင်းပတ် နှစ်ပတ်ကြာ နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အပစ်ရပ်ရေးသတင်းထုတ်ပြန်ပြီးနောက် ကန်ဒေါ်လာ လျော့ရဲခြင်း၊ ရေနံဈေးနှုန်း ကျဆင်းလာခြင်းက ရွှေဈေးတက်ရန် တွန်းကန်မှု ဖြစ်စေခဲ့သည်။ ဈေးကွက်သုံးသပ်သူများက အကယ်၍ ပဋိပက္ခအဆုံးသတ်ပါက အမေရိကန်ဗဟိုဘဏ်အနေဖြင့် နှစ်ကုန်မတိုင်မီ အတိုးနှုန်းလျှော့ချရန် စဉ်းစားနိုင်ရာ ယင်းမှာလည်း ရွှေဈေးတက်ရန် အကျိုးဖြစ်စေကြောင်း ယူဆကြသည်။ (Xinhua)
——————-
(Chinese Version)
美伊停火消息推动金银价格大涨
新华社纽约4月7日电(记者徐静)受美国和伊朗同意有条件停火两周的消息提振,黄金、白银价格7日由下跌转为大涨。纽约商品交易所6月黄金期价站上每盎司4800美元,涨幅一度接近4%;5月白银期价涨幅一度超过6.5%,站上每盎司76美元。
美国东部时间7日傍晚,特朗普在社交媒体发文称,他同意暂停对伊朗的轰炸和袭击两周,前提是伊朗同意“全面、立即且安全地”开放霍尔木兹海峡。随后,伊朗最高国家安全委员会秘书处发布消息说,伊朗将在伊斯兰堡与美国展开为期两周的政治谈判。
停火消息发布后,美元走软、油价下跌支撑金价上涨。市场人士认为,如果冲突结束,美联储可能考虑在年底前降息,这也有利于金价走高。(完)
1. 1月29日,在浙江省湖州市德清县禹越镇的一家金店,店员在整理黄金首饰。新华社发(倪立芳摄)