Connect with us

China

လက်ရှိအရေးကြီးဆုံးမှာ ချက်ချင်း အပစ်ရပ်၊ စစ်ပွဲအဆုံးသတ်ပြီး ဆွေးနွေးမှုလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန်ဖြစ်သည်ဟု အီရန်စစ်ပွဲနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အီရန်စစ်ပွဲ၏ အရင်းအမြစ်မှာ အမေရိကန်နှင့် အစ္စရေးတို့က နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အီရန်အပေါ် လက်နက်အင်အားသုံးတိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုများကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

လက်ရှိအရေးကြီးဆုံးမှာ ချက်ချင်း အပစ်ရပ်၊ စစ်ပွဲအဆုံးသတ်ပြီး ဆွေးနွေးမှုလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန်၊ အခြေခံမှ ပြဿနာကို ဖြေရှင်းရန်၊ ပင်လယ်ကွေ့ဒေသများ တည်ငြိမ်အေးချမ်းရေး ပြန်လည်ရရှိရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် အီရန်စစ်ရေး ဆက်လက်ကြာမြင့်နေပြီး နှစ်ဖက်ကြား တိုက်ခိုက်မှုများသည်လည်း အဆက်မပြတ်ဖြစ်ပွားနေကြောင်း၊ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားမှုကြောင့် ဘက်အသီးသီး စိုးရိမ်မှုများ မြင့်တက်လာပြီး အပစ်ရပ်ရေးနှင့် ရေကြောင်းလမ်း ဘေးကင်းလုံခြုံမှုအား အာမခံပေးရန် တောင်းဆိုသံများ မြင့်တက်လာကြောင်း၊ မကြာသေးမီရက်အနည်းငယ်အတွင်း အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် အင်အားပြသလာကြပြီး နှစ်ဖက်အနေဖြင့် အပစ်ရပ်ရေး သဘောတူညီချက်တစ်ခု ရရှိနိုင်ခြေရှိသည်ဟု သတင်းအချို့က ဆိုထားကြောင်း၊ လက်ရှိအခြေအနေအပေါ် တရုတ်နိုင်ငံ မည်သည့်ရှုမြင်ပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

“လက်ရှိမှာ အရှေ့အလယ်ပိုင်းအခြေအနေဟာ ဆိုးရွားနေဆဲဖြစ်ပြီး စစ်ပွဲတွေဟာလည်း မြင့်တက်လျက်ရှိတယ်၊ ဒါတွေဟာ ကမ္ဘာ့စီးပွားရေးနဲ့ စွမ်းအင်လုံခြုံရေးကို ရိုက်ခတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား အလွန်ပင် စိုးရိမ်စေပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။
စစ်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှု၊ ဟန်ချက်ညီမှုရှိသည့် ရပ်တည်ချက်ကို အဆက်မပြတ် ထိန်းသိမ်းထားပြီး အပစ်ရပ်၊ စစ်ပွဲအဆုံးသတ်ရေးကို မြှင့်တင်လျက်ရှိကြောင်း မော်နင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်၊ အစ္စရေး၊ ရုရှား၊ ပင်လယ်ကွေ့နိုင်ငံများ စသည့် ဘက်အသီးသီးနှင့်အတူ ဖုန်းဖြင့်ဆက်သွယ်မှု ၂၆ ကြိမ် ပြုလုပ်ခဲ့ပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်အစိုးရ အထူးသံတမန်သည် ဒေသတွင်း ကူးလူးသွားလာကာ ကြားဝင်စေ့စပ်ပေးလျက်ရှိကြောင်း၊ မကြာသေးခင်ကပင် တရုတ်နှင့် ပါကစ္စတန်သည် ငြိမ်းချမ်းရေး မြှင့်တင်ရေးနှင့် ပဋိပက္ခ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ယေဘုယျ သဘောတူညီချက်ကို ထင်ဟပ်စေသည့် အချက်ငါးချက်ပါ အဆိုပြုချက်တစ်ရပ်ကို ပူးတွဲအဆိုပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“လက်နက်အင်အားသုံးခြင်းဖြင့် ငြိမ်းချမ်းရေး လဲလှယ်လို့မရ၊ နိုင်ငံရေးအရ ဖြေရှင်းခြင်းကသာ ထွက်လမ်းဖြစ်တယ်။ အီရန်စစ်ပွဲရဲ့ အရင်းအမြစ်က အမေရိကန်နဲ့ အစ္စရေးတို့က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အီရန်အပေါ် အင်အားသုံးတိုက်ခိုက်မှုတွေ လုပ်တာကြောင့်ဖြစ်တယ်။ လက်ရှိအရေးကြီးဆုံးကတော့ ချက်ချင်း အပစ်ရပ်၊ စစ်ပွဲအဆုံးသတ်ပြီး ဆွေးနွေးမှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့၊ အခြေခံကနေ ပြဿနာကို ဖြေရှင်းဖို့၊ ပင်လယ်ကွေ့ဒေသတွေ တည်ငြိမ်အေးချမ်းရေး ပြန်လည်ရရှိဖို့ ဖြစ်တယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ ဘက်အသီးသီးအနေဖြင့် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်သင့်ပြီး မဖြစ်ပွားသင့်သော ဤစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
外交部谈伊朗战事:当务之急是立即停火止战,回到对话谈判的轨道上来
新华社北京4月7日电(记者曹嘉玥、马卓言)外交部发言人毛宁7日在例行记者会上答问时表示,伊朗战事的根源在于美国和以色列违反国际法对伊朗发动武力袭击。当务之急是立即停火止战,回到对话谈判的轨道上来,从根本上解决问题,恢复海湾地区的和平稳定。
有记者问:目前伊朗战事延宕,双方袭打不断。霍尔木兹海峡封锁引发各方担忧,推动停火、保障航道安全的呼声高涨。过去几天,美伊相互示强,也有消息称双方可能达成停火协议。中方对当前局势怎么看?
“当前,中东局势仍在恶化,战事还在升级,冲击世界经济和能源安全,国际社会深感担忧。”毛宁说。
毛宁表示,战事爆发以来,中国始终秉持客观、公正、平衡立场,推动停火止战。王毅外长先后同伊朗、以色列、俄罗斯、海湾国家等各方26次通话,中国政府中东问题特使赴地区穿梭斡旋。前不久,中国同巴基斯坦共同提出五点倡议,体现了国际社会促和止战的普遍共识。
“武力换不来和平,政治解决才是出路。伊朗战事的根源在于美国和以色列违反国际法对伊朗发动武力袭击。当务之急是立即停火止战,回到对话谈判的轨道上来,从根本上解决问题,恢复海湾地区的和平稳定。”毛宁说,各方都应当拿出诚意,尽早结束这场本不该发生的战争。(完)