International Organizations
ချန်ပီယံလိဂ်တွင် ဘိုင်ယန်က ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့ပြီး ပထမအကျော့တွင် ရလဒ်အသာစီးယူနိုင်ခဲ့
မက်ဒရစ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ဧပြီ ၇ ရက် ညပိုင်းက ဆန်တီယာဂို ဘာနေဗျူးအားကစားကွင်း၌ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်သွားပြီဖြစ်သည်။
အဆိုပါပွဲစဉ်၌ ဘိုင်ယန်အသင်းအတွက် အနိုင်ဂိုးများကို လူးဝစ်စ် ဒီယက်ဇ်နှင့် ဟယ်ရီကိန်းတို့က သွင်းယူခဲ့ပြီး မက်ဒရစ်အတွက် ချေပဂိုးကို ကီလီယန် အမ်ဘာပေက သွင်းယူခဲ့ကာ ထိုပွဲစဉ်၌ နှစ်သင်းစလုံးက ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း ဂျာမန်ဘောလုံးလောကတွင် ချန်ပီယံဆုဖလားများကို စံချိန်တင်ရရှိထားသည့် ဘိုင်ယန်အသင်းအနေဖြင့် နောက်တစ်ဆင့်အတွက် သေချာရေရာသည့် ရလဒ်တစ်ခုကို ရယူနိုင်ခဲ့သင့်သည်ဟု ယူဆနေပေလိမ့်မည်။
မက်ဒရစ်နည်းပြ အယ်လ်ဗာရို အာဘီလိုအာက လူငယ်ကွင်းလယ်လူ သီယာဂို ပီတက်ခ်ကို ပွဲထွက်ခွင့်ပေးခဲ့ပြီး နောက်ခံအစွန်လူအဖြစ် ထရန့် အလက်ဇန်းဒါး-အာနိုးလ်နှင့် အယ်လ်ဗာရို ကာရဲရက်စ်တို့ကို အသုံးပြုခဲ့သည်။ ဘိုင်ယန်အသင်းဘက်တွင် ကိန်း ကြံ့ခိုင်မှုအပြည့်ဖြင့် ပွဲထွက်ပါဝင်လာခြင်းက အသင်းအတွက် အားတက်စရာဖြစ်ခဲ့သည်။
ကိန်းမှာ ချက်ချင်းဆိုသလိုပင် ၎င်း၏အကျိူးပြုနိုင်စွမ်းကို ပြသခဲ့ပြီး ဖရီးကစ်ကန်တင်ပေးမှုကို ဒါယော့ အူပါမီကာနို၏ လမ်းကြောင်းထဲသို့ အနေတော်ခေါင်းတိုက်ချပေးခဲ့သော်လည်း အူပါမီကာနိုမှာ အနီးကပ်ပိတ်သွင်းရသည့် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့သည်။
ဘိုင်ယန်အသင်းက ပွဲချိန်အစောပိုင်းတွင် ရီးရဲလ်အသင်း၏ အပြန်အလှန်ထိုးဖောက်မှုများကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ပွဲချိန် ၁၆ မိနစ်အကြာတွင် ဂိုးသမား မာနူအယ် နော်ယာက လက်စွမ်းပြကာကွယ်မှုများ ပြုလုပ်ခဲ့ရသည်။ နော်ယာအနေဖြင့် အာဒါ ဂူလာ၏ ကွက်တိဘောလုံးခင်းပေးမှုမှတစ်ဆင့် အမ်ဘာပေ၏ အဆုံးသတ်မှုကို စတင်ကာကွယ်ခဲ့ရသလို တန်ပြန်တိုက်စစ်မှတစ်ဆင့် ဗင်နီစီယက်စ် ဂျူနီယာ၏ ကန်သွင်းမှုကိုလည်း ထပ်မံကာကွယ်ခဲ့ရသည်။
ဧည့်သည်ဘိုင်ယန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကာ မက်ဒရစ်၏ ခံစစ်မှတိုက်စစ်သို့ ကူးပြောင်းသည့် အရှိန်အဟုန်ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း အပြန်အလှန် ဂိုးသွင်းခွင့်များ ဖန်တီးနိုင်နေဆဲဖြစ်သည်။ ပီတက်ခ်၏ အမှားမှတစ်ဆင့် ဆာ့ဂျ် နာဘရီ ဂိုးကန်သွင်းခွင့်ရခဲ့သော်လည်း မက်ဒရစ်ဂိုးသမား အန်ဒရေ လူနင် ကာကွယ်နိုင်ခဲ့သလို နော်ယာကလည်း အမ်ဘာပေ၏ ထောင့်ကျဉ်းအနေအထားမှ ကန်သွင်းချက်ကို ထပ်မံကာကွယ်နိုင်ခဲ့သည်။
ပွဲချိန် မိနစ် ၄၀ တွင် ကိန်းနှင့် နာဘရီတို့ အတွဲအဖက်ညီညီ ကစားကွက်ဖော်ဆောင်မှုမှတစ်ဆင့် ဒီယက်ဇ်က တည်တည်ငြိမ်ငြိမ် အဆုံးသတ်ကာ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်စပြီး စက္ကန့် ၃၀ အကြာတွင် ဘိုင်ယန်အသင်းက ဒုတိယဂိုးရရှိခဲ့ပြီး မိုက်ကယ် အိုလစ်ဆီ အားကောင်းကောင်းဖြင့် ထိုးဖောက်လာပြီးနောက် ကိန်းက ဂိုးဧရိယာအပြင်ဘက်မှ လှလှပပ ဝေ့ဝိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဘိုင်ယန်က ပွဲကိုအပြည့်အဝ ထိန်းချုပ်နိုင်ရန် ဆက်တိုက်ဖိကစားခဲ့ရာ အိုလစ်ဆီ၊ ယိုဆစ် စတန်နီဆစ်နှင့် အူပါမီကာနိုတို့ ဂိုးရရှိရန် နီးစပ်ခဲ့သေးသည်။
ပွဲချိန် ၇၂ မိနစ်တွင် နည်းပြအာဘီလိုအာက အီဒါ မီလီတိုနှင့် ဂျုဒ် ဘယ်လင်ဟမ်တို့ကို ထည့်သွင်းကစားခဲ့ရာ ဘယ်လင်ဟမ်က ပွဲအပေါ် သက်ရောက်မှုကို ချက်ချင်းပြသနိုင်ခဲ့ကာ အမ်ဘာပေအတွက် ဂိုးသွင်းခွင့်ဖန်တီးပေးခဲ့သော်လည်း နော်ယာ လက်စွမ်းပြကာကွယ်သွားခဲ့ပြန်သည်။
နှစ်မိနစ်အကြာတွင် အလက်ဇန်းဒါး-အာနိုးလ်၏ အနေတော်ပေးပို့မှုကို အမ်ဘာပေက အဝေးတိုင်ဆီသို့ ကန်သွင်း၍ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူပေးခဲ့သည်။
ထို့နောက် ပွဲမှာ အပြန်အလှန်ဖွင့်ကစားသည့်ပုံစံ ဖြစ်လာခဲ့ပြီး ကိန်းမှာ တတိယဂိုးသွင်းယူနိုင်ရန် နီးစပ်ခဲ့ကာ ဒီယက်ဇ်ကလည်း မက်ဒရစ်ခံစစ်ကို လွတ်လွတ်ကျွတ်ကျွတ် ဖြတ်ကျော်နိုင်လုနီးနီးဖြစ်ခဲ့သလို ဗင်နီစီယက်စ်၏ ကန်ချက်ကိုလည်း နော်ယာ ထပ်မံကာကွယ်ခဲ့ရသည်။
ပွဲချိန်နှောင်းပိုင်းတွင် မက်ဒရစ်က ဖိကစားလာခဲ့သော်လည်း ဘိုင်ယန်ကသာ ပိုမိုကောင်းမွန်သည့် အခွင့်အရေးများကို ဖန်တီးနိုင်ဆဲဖြစ်သည်။ ပွဲပြီးခါနီးတွင် ဂျမားလ် မူစီယာလာ အကောင်းဆုံးအခွင့်အရေးကို လွဲချော်ခဲ့သလို စတန်နီဆစ်နှင့် အိုလစ်ဆီတို့ကလည်း ထပ်ဆောင်းအချိန်ပိုတွင် ဂိုးသွင်းခွင့်များကို ထပ်မံဖြုန်းတီးခဲ့သဖြင့် ဘိုင်ယန်အသင်းမှာ ပထမအကျော့တွင် အရေးပါသည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သော်လည်း ၂-၁ ဂိုးဖြင့်သာ ကျေနပ်ခဲ့ရသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား မာနူအယ် နော်ယာ (ယာ-ပထမ) ရှေ့ထွက်၍ကာကွယ်နေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား မာနူအယ် နော်ယာ (ယာ-ပထမ) ရှေ့ထွက်၍ကာကွယ်နေစဉ် (ဆင်ဟွာ)





…………………………………………
(English Version)
Bayern wins at Real Madrid to seize Champions League initiative
MADRID, April 7 (Xinhua) — Bayern Munich claimed a 2-1 win away to Real Madrid at the Santiago Bernabeu on Tuesday to take a significant step toward the Champions League semifinals.
Luis Diaz and Harry Kane scored for Bayern, while Kylian Mbappe replied for Madrid on a night when both sides created chances, but the record German champions will feel they should have put the tie beyond doubt.
Madrid coach Alvaro Arbeloa handed a start to young midfielder Thiago Pitarch, with Trent Alexander-Arnold and Alvaro Carreras selected at fullback. Bayern, meanwhile, were boosted by Kane being fit enough to start.
Kane nearly made an immediate impact, heading a free kick into the path of Dayot Upamecano, who squandered a clear chance from close range.
Bayern controlled the early exchanges, but Manuel Neuer was required to make sharp saves after 16 minutes, first denying Mbappe following a precise pass from Arda Guler, then stopping Vinicius Junior on the break.
The visitors sought to dominate possession to limit Madrid’s pace in transition, though they still created openings. Andriy Lunin saved from Serge Gnabry after Pitarch gifted possession, while Neuer again denied Mbappe from a tight angle.
Diaz put Bayern ahead in the 40th minute, finishing calmly after a flowing move involving Kane and Gnabry.
Bayern doubled the lead just 30 seconds into the second half when Kane curled in a superb shot from outside the area after good work from Michael Olise.
Olise, Josip Stanisic and Upamecano all went close soon after as Bayern threatened to take full control of the tie.
Arbeloa introduced Eder Militao and Jude Bellingham in the 72nd minute, and Bellingham quickly influenced the game, setting up Mbappe for a chance that brought another outstanding save from Neuer.
Mbappe pulled a goal back two minutes later, finishing at the far post after Alexander-Arnold found space to deliver.
The game became more open, with Kane going close to a third and Diaz nearly weaving through Madrid’s defense, while Vinicius forced another save from Neuer.
Despite late pressure from Madrid, Bayern continued to create the clearer chances. Jamal Musiala missed a gilt-edged opportunity in the closing moments, and both Stanisic and Olise wasted further chances in stoppage time as Bayern settled for a valuable first-leg advantage.
English Caption 1
Kylian Mbappe (C) of Real Madrid controls the ball during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
English Caption 2
Goalkeeper Manuel Neuer (1st R) of Bayern Munich makes a save during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
English Caption 3
Luis Diaz (2nd L) of Bayern Munich celebrates with teammates after scoring during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
