International Organizations
လုံခြုံရေးကောင်စီတွင် ဟော်မုဇ်ရေလက်ကြား ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နှင့် ရုရှား ကန့်ကွက်
ကုလသမဂ္ဂ၊ မတ် ၈ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းကို ဧပြီ ၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁ မဲ၊ ပါကစ္စတန်နှင့် ကိုလံဘီယာတို့က ကြားနေမဲ၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားတို့က ကန့်ကွက်မဲပေးခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို အတည်မပြုနိုင်ခဲ့ပေ။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ဘာရိန်းမှ အဆိုပြုထားခြင်းဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား ကုန်သွယ်ရေး ရေကြောင်းလမ်းကို အသုံးပြုရန် ရည်ရွယ်ထားသော နိုင်ငံများအနေဖြင့် ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးကို အထောက်အကူပြု သေချာစေရန်အတွက် ကာကွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ညှိနှိုင်းဆောင်ရွက်ရန် “အထူးအားပေးအားမြှောက်ပြု” ထားသည်။
လုံခြုံရေးကောင်စီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် အဓိကတာဝန်ယူထားရာ ဓမ္မဓိဋ္ဌာန်ကျ၍ သမာသမတ်ကျမှု၊ တရားမျှတမှုရှိသည့် ရပ်တည်ချက်ကို ထိန်းသိမ်းထားသင့်ကြောင်း၊ လက်ရှိအခြေအနေများတွင် အဖွဲ့ဝင်နိုင်ငံများအား အင်အားသုံးခွင့်ပြုခြင်းသည် တရားမဝင်လက်နက်အင်အားအလွဲသုံးစားမှုကို တရားဝင်အသွင် ဖြစ်စေသည်နှင့်တူညီရာ အခြေအနေမှာ မလွဲမသွေ တစ်ဆင့်တိုး မြင့်တက်လာပြီး ပြင်းထန်သောဆိုးကျိုးများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မဖြစ်မနေ သတိရှိရှိ လုပ်ဆောင်ရမည်ဖြစ်ပြီး အခြေအနေ ပြေလျော့ရေး၊ ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်စတင်ရေး မြှင့်တင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဖုချုံးက ကုလသမဂ္ဂနှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
中俄在安理会否决涉霍尔木兹海峡决议草案
新华社联合国4月7日电 联合国安理会7日就一项涉及霍尔木兹海峡的决议草案进行表决,11票赞成,巴基斯坦和哥伦比亚弃权,作为常任理事国的中国和俄罗斯投反对票,决议草案未获通过。
该决议草案由巴林提出,“强烈鼓励”有意利用霍尔木兹海峡商业航道的国家协调具有防御性质的行动,以协助确保霍尔木兹海峡航行的安全与安保。
中国常驻联合国代表傅聪2日在联合国同海合会合作问题安理会公开会上表示,安理会承担着维护国际和平与安全的首要职责,应该秉持客观、公正和公平的立场。当前形势下,授权会员国使用武力,无异于将非法滥用武力的行径合法化,势必引发局势进一步升级,造成严重后果。安理会必须谨慎行事,为推动局势降温、恢复对话谈判发挥积极作用。(完)
图说:这是4月7日在位于纽约的联合国总部拍摄的安理会投票现场。新华社记者 谢锷 摄
