Connect with us

Africa & Middle East

ထရမ့်၏ အပစ်ရပ်ရေးဆုံးဖြတ်ချက်ကို ထောက်ခံသော်လည်း လက်ဘနွန် မပါဝင်ကြောင်း အစ္စရေး ဆို

လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ် Jnah ဒေသတွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကားနှင့်နေအိမ်များ ပျက်စီးသွားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် အီရန်အပေါ် သီတင်းပတ်နှစ်ပတ် အပစ်ရပ်မည့် အမေရိကန် သမ္မတ ထရမ့်၏ ဆုံးဖြတ်ချက်အား ထောက်ခံကြောင်း၊ သို့သော် အပစ်ရပ်မှုတွင် လက်ဘနွန်မပါဝင်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဧပြီ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အီရန်နှင့် အပစ်ရပ်ရေးအတွက် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေး၍ အမေရိကန်၊ အစ္စရေးနှင့် ဒေသတွင်းအခြားနိုင်ငံများအပေါ် တိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်တန့်ရန် ဦးစွာလိုအပ်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်က “နျူကလီးယားခြိမ်းခြောက်မှု၊ ဒုံးကျည်ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်ဝါဒခြိမ်းခြောက်မှု” မဖြစ်စေရေး သေချာစေရန်အတွက် ကြိုးပမ်းမှုအားလုံးကို အစ္စရေးက ထောက်ခံအားပေးကြောင်း ကြေညာချက်က ဆိုထားသည်။
သီတင်းပတ်နှစ်ပတ်ကြာ အပစ်ရပ်မှုတွင် လက်ဘနွန်မပါဝင်ကြောင်း ကြေညာချက်တွင် အလေးထားဖော်ပြထားသည်။
အမေရိကန်အရှေ့ပိုင်း ဒေသစံတော်ချိန် ဧပြီ ၇ ရက် ညနေပိုင်းတွင် ထရမ့်က လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် အီရန်အပေါ် ဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများ သီတင်းပတ်နှစ်ပတ် ရပ်တန့်ရန် သဘောတူညီကြောင်း၊ သို့သော် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားအား “ဘက်စုံ၊ ချက်ချင်းနှင့် ဘေးကင်းလုံခြုံစွာ” ဖွင့်လှစ်ပေးခြင်းကို သဘောတူညီရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အီရန် အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးရုံးက သတင်းထုတ်ပြန်၍ အီရန်သည် ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်တွင် အမေရိကန်နှင့် သီတင်းပတ် နှစ်ပတ်ကြာ နိုင်ငံရေးဆွေးနွေးမှု လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

———————
(Chinese Version)
以方称支持特朗普停火决定但不包括黎巴嫩
新华社耶路撒冷4月8日电(记者王卓伦 庞昕熠)以色列总理办公室8日发表声明称,以色列支持美国总统特朗普对伊朗停火两周的决定,但停火不包括黎巴嫩。
声明说,与伊朗停火的前提是伊朗立即开放霍尔木兹海峡,并停止对美国、以色列和地区其他国家的一切袭击。以色列支持美国为确保伊朗不再构成“核威胁、导弹威胁和恐怖主义威胁”所作的努力。
声明强调,为期两周的停火不包括黎巴嫩。
美国东部时间7日傍晚,特朗普在社交媒体发文称,他同意暂停对伊朗的轰炸和袭击两周,前提是伊朗同意“全面、立即且安全地”开放霍尔木兹海峡。随后,伊朗最高国家安全委员会秘书处发布消息说,伊朗将在巴基斯坦首都伊斯兰堡与美国展开为期两周的政治谈判。(完)
图说:4月6日,在黎巴嫩首都贝鲁特杰纳赫地区,以军空袭导致汽车和房屋受损。新华社发(比拉尔·贾维希摄)