Connect with us

China

တရုတ်ဘတ်စကက်ဘောကြယ်ပွင့် ယန်စူးယွီ ဩစတြေးလျကလပ် မဲလ်ဘုန်း တိုက်ဂါးစ်အသင်းထံ ပြောင်းရွှေ့

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀၂၅ ဖီဘာ (FIBA) အမျိုးသမီးအာရှဖလားပြိုင်ပွဲတွင် အမြင့်ခုန်၍ အနီးကပ်ပစ်သွင်းရန် ကြိုးပမ်းနေသည့် တရုတ်အသင်းမှ ယန်စူးယွီအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ၏ ဒုတိယတန်း ဘတ်စကက်ဘောလိဂ်မှ မဲလ်ဘုန်း တိုက်ဂါးစ်အသင်းက တရုတ်နိုင်ငံ၏ တက်သစ်စ အမျိုးသမီးဘတ်စကက်ဘောကြယ်ပွင့် ယန်စူးယွီကို ၂၀၂၆ ရာသီအတွက် ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ကြောင်း အဆိုပါအသင်းက ဧပြီ ၇ ရက်၌ ကြေညာခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ယန်အား ခေါ်ယူခဲ့ခြင်းမှာ အသင်း၏ ခေတ်သစ်သမိုင်းတွင် နိုင်ငံတကာမှ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားဖြည့်တင်းမှုတစ်ခု ဖြစ်သည်ဟု တိုက်ဂါးစ်အသင်းက ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။

အသင်းနည်းပြချုပ် ကာလက်ဘ် စကလေတာက တိုကျိုအိုလံပစ်ပြိုင်ပွဲ၌ သုံးယောက်တစ်သင်း ဘတ်စကက်ဘောပြိုင်ပွဲတွင် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် ယန်မှာ ကွင်းတွင်း၊ ကွင်းပြင်၌ အသင်းအတွက် များစွာအကျိုးပြုနိုင်မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“သူက ထိပ်တန်းအရည်အသွေးတွေ၊ နိုင်ငံတကာ အတွေ့အကြုံတွေ၊ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ရာမှာ အားသာချက်ရှိမှုတွေကို ယူဆောင်လာပါတယ်။ ကျွန်တော်တို့ သူ့ကို ကြိုဆိုဖို့ စိတ်လှုပ်ရှားနေပါပြီ” ဟုလည်း ၎င်းက ပြောသည်။
မဲလ်ဘုန်း တိုက်ဂါးစ်အသင်းမှာ semi-professional အဆင့် အမျိုးသားဘတ်စကက်ဘောလိဂ်ဝမ်း (NBL1) ပြိုင်ပွဲ၏ တောင်ပိုင်း ကွန်ဖရင့်စ်၌ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်သည်။
မဲလ်ဘုန်း တိုက်ဂါးစ် အမျိုးသမီးအသင်းမှာ ၂၀၂၅ ခုနှစ် ပုံမှန်ရာသီ၌ ပွဲစဉ် ၂၂ ပွဲ ယှဉ်ပြိုင်ခဲ့ရာ ၁၂ ပွဲ အနိုင်ရရှိခဲ့သော်လည်း playoffs ယှဉ်ပြိုင်ခွင့်မရရှိခဲ့သလို ၂၀၂၆ ရာသီ၌ ၂ ပွဲကစားပြီးချိန်တွင်လည်း နိုင်ပွဲမရရှိသေးပေ။ (Xinhua)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့၌ ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က တရုတ်အသင်းနှင့် တောင်ဆူဒန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဖီဘာ (FIBA) အမျိုးသမီးကမ္ဘာ့ဖလား လက်ရည်စစ်ပွဲတွင် တရုတ်အသင်းမှ ယန်စူးယွီ အမြင့်ခုန်၍ အနီးကပ်ပစ်သွင်းရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

……………..
(English Version)
Chinese basketball prospect Yang Shuyu joins Melbourne Tigers
MELBOURNE, April 7 (Xinhua) — The Melbourne Tigers of Australia’s second-tier basketball league on Tuesday announced the signing of China’s rising women’s star Yang Shuyu for the 2026 season.
The Tigers said on Tuesday that the signing of Yang, 24, marks one of the most exciting international additions in the club’s recent history.
Head coach Kaleb Sclater said in a statement that Yang, a bronze medalist for China in 3×3 basketball at the Tokyo Olympic Games, would make a significant impact on and off the court for the team.
“She brings elite talent, international experience, and a fierce competitive edge, we’re excited to welcome her,” he said.
The Melbourne Tigers play in the South Conference of the semi-professional National Basketball League 1 (NBL1) competition.
The women’s team won 12 out of 22 regular season games in 2025, but did not qualify for the playoffs and is winless through two games in 2026.
English Caption 1
Yang Shuyu of China goes for a lay-up against South Korea at the 2025 FIBA Women’s Asia Cup in Shenzhen, south China’s Guangdong Province, July 20, 2025. (Xinhua/Liang Xu)
English Caption 2
Yang Shuyu (C) of China goes for a layup during the group A match between China and South Sudan at FIBA Women’s World Cup Qualifying Tournaments in Wuhan, central China’s Hubei Province, March 14, 2026. (Xinhua/Xiao Yijiu)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.