Connect with us

News

အဓမ္မခိုင်းစေမှုများ လျော့နည်း ကျဆင်းလျက်ရှိဟု ဆို

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးကို ဆယ်စုနှစ်ကျော် ဆောင်ရွက်ခဲ့ရာ ယခုအခါ အဓမ္မခိုင်းစေမှုများ လျော့နည်းလာပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားခဲ့သည်။

“နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမှာ တစ်စိတ်တစ်ဒေသ ပါဝင်နေတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေးကို မိမိတို့ ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဆယ်စုနှစ်မက ကြာခဲ့ပါပြီ၊ ဒီလို ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့အတွက် အဓမ္မခိုင်းစေမှု များဟာ အခု လျော့နည်း ကျဆင်းလာပါပြီ” ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့နံနက် ပြုလုပ်သော အဓမ္မခိုင်းစေမှုဆိုင်ရာ National Complaints Mechanism တည်ထောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ILO Liaison Officer Mr. Rory Mungoven အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အဓမ္မခိုင်းစေမှုဆိုင်ရာ National Complaints Mechanism တည်ထောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် မြန်မာ့ တပ်မတော်ကလည်း CTFMR နှင့်ပူးပေါင်းလျက် အသက်မပြည့်သော တပ်သား စုဆောင်းမှုများနှင့် ပတ်သက်ပြီး လုပ်ငန်း စီမံချက်များ ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း၊ အဓမ္မခိုင်းစေမှုများ အမြစ်ပြတ် ပပျောက်စေရန် ILO နှင့် ညှိနှိုင်း တိုင်ပင်ပြီး အခြားနိုင်ငံများ၏ အတွေ့ အကြုံ များ၊ အခက်အခဲများ အပေါ် အခြေခံကာ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် Mechanism တစ်ခု တည်ထောင်သွားရန် ယခု အလုပ်ရုံ ဆွေးနွေးပွဲအား ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲ ရလဒ်များဖြင့် HLWG (High Level Working Group on employment and labour) အဖွဲ့ဝင် ဌာနဆိုင်ရာ အသီးသီးမှ အဓမ္မခိုင်းစေမှု မဖြစ်ပွားရေး စီမံချက်များ၊ လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး သင့်လျော် ကောင်းမွန်သော Mechanism တည်ထောင်ရေး လုပ်ငန်းစဉ်များ ချမှတ်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ အပြုသဘော ဆောင်ရွက်ချက်များသည် ၂၀၁၉ မတ်လတွင် ကျင်းပမည့် (၃၃၅) ကြိမ်မြောက် အုပ်ချုပ်မှု အဖွဲ့အစည်းအဝေးတွင် ILO ညွှန်ကြားရေးမှူးချုပ်ကတင်ပြမည့် မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာတွင် ထည့်သွင်းမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ Liaison Office မှ Country Office သို့ ပြောင်းလဲ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.