Connect with us

China

ချင်းမင်ပွဲတော် အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားဧည့်သည် အကြိမ်ရေ ၁၃၅ သန်း ရှိ

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့ရှိ ကျိန့်တင့်ရှေးဟောင်းမြို့တွင် ခရီးသွားဧည့်သည်များ လည်ပတ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ချင်းမင်ပွဲတော် အားလပ်ရက်အတွင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဈေးကွက်အခြေအနေကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အားလပ်ရက် ၃ ရက်အတွင်း နိုင်ငံတစ်ဝန်း ပြည်တွင်းခရီးသွားဧည့်သည် အကြိမ်ရေ ၁၃၅ သန်း ရှိပြီး ယခင်နှစ် ကာလတူထက် ၆.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း စုစုပေါင်းသုံးစွဲငွေမှာ ယွမ် ၆၁.၃၆၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၆.၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒေတာစင်တာက တွက်ချက်မှုအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ရှင်းမိမြို့တွင် ချင်ဝေရေပေါ်မြို့လေး၌ ခရီးသွားဧည့်သည်များ လည်ပတ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………….
(Chinese Version)
清明节假期国内出游1.35亿人次
新华社照片,北京,2026年4月7日
文化和旅游部4月7日公布2026年清明节假期文化和旅游市场情况。经文化和旅游部数据中心测算,假期3天,全国国内出游1.35亿人次,同比增长6.8%;国内出游总花费613.67亿元,同比增长6.6%。
图说1:4月5日,游客在河北省石家庄市正定古城游玩。新华社发(梁子栋摄)
图说2:4月5日,游客在河南省新密市游览溱洧水城。新华社发(徐宏星摄)