China
တရုတ်-မြောက်ကိုရီးယား အစဉ်အလာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့တက်လှမ်းတိုးတက်ရေးကို မြောက်ကိုရီးယားနိုင်ငံနှင့်အတူ မြှင့်တင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဧပြီ ၉ ရက်မှ ၁၀ ရက်အထိ မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ယခုအကြိမ် ခရီးစဉ်သည် တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၊ နှစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အစီအမံများ မြှင့်တင်ရန် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားစဉ် ပြောကြားခဲ့သည်။
“တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံက တောတောင်ရေမြေချင်း ဆက်သွယ်ထားတဲ့ အစဉ်အလာချစ်ခင်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်။ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို ကာကွယ်ထိန်းသိမ်းဖို့၊ ခိုင်ခံ့စေဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရန်မှာ တရုတ်နိုင်ငံ ပါတီနဲ့ အစိုးရရဲ့ အစဉ်အမြဲ ယိမ်းယိုင်မှုမရှိဘဲ လုပ်ဆောင်သွားမယ့် မဟာဗျူဟာမြောက် မူဝါဒဖြစ်တယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ဆွေနွေးညှိနှိုင်းမှု အားကောင်းစေရန်၊ ကူးလူးဆက်သွယ် ပူးပေါင်းဆောင်ရွက်မှုများ နီးကပ်စေရန်၊ တရုတ်-မြောက်ကိုရီးယား အစဉ်အလာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့တက်လှမ်းတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
外交部:愿同朝方一道推动中朝传统友好合作关系不断向前发展
新华社北京4月8日电(记者吴梦桐、马卓言)应朝鲜外务省邀请,中共中央政治局委员、外交部长王毅将于4月9日至10日访问朝鲜。外交部发言人毛宁8日在例行记者会上答问时表示,王毅外长此访是中朝双方落实两党两国最高领导人共识,推动双边关系发展的重要举措。
“中朝两国是山水相连的传统友好邻邦。维护好、巩固好、发展好中朝关系始终是中国党和政府坚定不移的战略方针。”毛宁表示,中方愿同朝方一道,加强战略沟通,密切交往合作,推动中朝传统友好合作关系不断向前发展。(完)
