China
တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှု ပူးပေါင်းနှိမ်နှင်းမှုတွင် သိသာထင်ရှားသည့်ရလဒ်များ ရရှိ
ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ ရဲတပ်ဖွဲ့တို့အကြား နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်ခြင်းနှင့် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်နှိမ်နှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် မြှင့်တင်လုပ်ဆောင်ခြင်းကို အခြေခံ၍ မကြာမီရက်ပိုင်းက သီရိလင်္ကာရဲတပ်ဖွဲ့သည် အစောပိုင်း ရှင်းလင်းစစ်ဆေးရေးလှုပ်ရှားမှုများအတွင်း ဖမ်းဆီးရမိသော ဆက်သွယ်ရေးလိမ်လည်မှုနှင့်ဆက်နွှယ်သည့် သံသယရှိသူ ၁၂၅ ဦးအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဧပြီ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့်ဆက်စပ်သော တရားမဝင်လုပ်ငန်းလုပ်ကိုင်သူအချို့သည် အခြားနိုင်ငံများမှ သီရိလင်္ကာနိုင်ငံသို့ ရွှေ့ပြောင်းလာသည့် ထင်ရှားသောအနေအထားများကို ပစ်မှတ်ထားကာ တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ ရဲတပ်ဖွဲ့တို့သည် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာ နက်ရှိုင်းစွာ စဉ်ဆက်မပြတ်ဆောင်ရွက်ကာ ပြစ်မှုတိုက်ဖျက်နှိမ်နှင်းရေးအင်အားကို တိုးမြှင့်ခဲ့ကြောင်း၊ မကြာသေးမီကာလက သီရိလင်္ကာရဲတပ်ဖွဲ့သည် စစ်ဆေးရှင်းလင်းရေးလှုပ်ရှားမှုများစွာ လုပ်ဆောင်ပြီး လိမ်လည်မှုခိုအောင်းရာနေရာ အများအပြားကို ဖြိုခွင်းခဲ့ရာ ဆက်သွယ်ရေးလိမ်လည်သူတစ်သုတ်အား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အင်တိုက်အားတိုက်ပံ့ပိုးမှုဖြင့် မတ် ၂၉ ရက်တွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဟူပေပြည်နယ် ပြည်သူ့လုံခြုံရေးဌာနရဲတပ်ဖွဲ့က သက်ဆိုင်သူများအား စနစ်တကျ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း၊ လက်ရှိတွင် ဟူပေပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက အမှုတွဲများအား အင်တိုက်အားတိုက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနအနေဖြင့် နိုင်ငံအများအပြားနှင့် ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေး အွန်လိုင်း လိမ်လည်မှုများကို ပြတ်ပြတ်သားသားတိုက်ဖျက်ကာ လက်တွေ့ကျ၍ ထိရောက်မှုမြင့်မားသော နိုင်ငံဖြတ်ကျော်ပြစ်မှု နှိမ်နှင်းတိုက်ဖျက်ရေး အခင်းအကျင်းအသစ်ကို အတူတကွ တည်ဆောက်သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
中国与斯里兰卡警方合作打击跨国电诈犯罪取得显著成果
新华社北京4月9日电 公安部4月9日发布信息披露,在中国与斯里兰卡警方持续深化国际执法合作、不断加大打击跨国电信网络诈骗犯罪工作力度的基础上,近日斯里兰卡警方将前期清查行动中抓获的125名涉电诈人员遣返我方。
今年以来,针对部分电诈及相关黑灰产人员从其他国家向斯里兰卡转移的突出动向,中国与斯里兰卡警方不断深化务实执法合作,加大打击力度。近期,斯里兰卡警方开展多次清查行动并打掉多个诈骗窝点,抓获一批涉电诈人员。在我驻斯里兰卡使馆的大力支持下,3月29日,公安部组织湖北公安机关民警有序接返相关人员。目前,湖北公安机关正在全力开展案件侦办工作。
公安部有关负责人表示,公安机关将与更多国家持续开展警务执法合作,坚决打击电信网络诈骗犯罪,共同构建务实高效的打击跨国犯罪新格局。(完)
