China
လက်ဘနွန်နိုင်ငံကို အစ္စရေး၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တရုတ်နိုင်ငံ တိုက်တွန်း
ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံကို အစ္စရေးက ဧပြီ ၈ ရက်၌ လေကြောင်းတိုက်ခိုက်ခဲ့ရာ လူရာနှင့်ချီ၍ သေဆုံး၊ ဒဏ်ရာရမှုများဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းအခြေအနေ တင်းမာမှုလျှော့ချရေး အထောက်အကူပြုရန် တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် သက်ဆိုင်ရာဘက်အသီးသီးအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၉ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ မေးမြန်းမှုကို အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို မချိုးဖောက်သင့်ကြောင်း၊ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း မော်က ဆိုသည်။
“ဘက်အသီးသီးအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲရေးကိုအခွင့်အလမ်းဖြစ်ထားရှိပြီး နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန်၊ စစ်ပွဲများအဆုံးသတ်ရန် မိမိတို့အနေဖြင့် မျှော်လင့်ပါတယ်” ဟု မော်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China calls for calm, restraint after Israel’s deadly airstrikes against Lebanon
BEIJING, April 9 (Xinhua) — A Chinese foreign ministry spokesperson on Thursday called on relevant parties to stay calm and exercise restraint to help deescalate the regional situation after Israel launched airstrikes on Wednesday, leaving hundreds in Lebanon dead or injured.
Spokesperson Mao Ning made the remarks at a daily press briefing in response to a related query.
Lebanon’s sovereignty and security should not be violated, and the lives and property of civilians must be protected, said Mao.
“We hope all sides will take the temporary ceasefire as an opportunity to resolve disputes through political and diplomatic means and put an end to hostilities,” Mao added.
