Connect with us

China

ရက်ပေါင်း ၁၆၀ ကြာမြင့်ပြီးနောက် ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး “နှင်းနဂါး” သင်္ဘောကြီး အောင်မြင်စွာ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးအဖွဲ့ အဖွဲ့ဝင်များ “နှင်းနဂါး” သင်္ဘောကြီးမှ လမ်းလျှောက်ဆင်းလာသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ရက်ပေါင်း ၁၆၀ ကြာ၊ ရေမိုင်ပေါင်း ၃၄,၀၀၀ ကျော် ခရီးနှင်ခဲ့သည့် တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး “နှင်းနဂါး” သင်္ဘောကြီးသည် ဧပြီ ၉ ရက်တွင် တရုတ်နိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အဖွဲ့ဝင် ၅၅၀ ဦးပါဝင်ပြီး ပုံမှန်ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃,၆၀၀ ကျော်ရှိသလို ကုန်းတွင်းလေ့လာမှု ရက်ပေါင်း ၁၀၄ ရက် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ပါဝင်မှုလူဦးရေနှင့် မစ်ရှင်ပမာဏ စသည်တို့မှာ ထပ်မံစံချိန်သစ်တင်ခဲ့သည်။ ရေပူဖြင့် ရေခဲထု သို့မဟုတ် တစ်မူထူးခြားသည့် မြေသားအားထိုးဖောက်၍ စူးစမ်းလေ့လာမှု ကမ္ဘာ့စံချိန်သစ်တင်ခြင်း၊ ပြည်တွင်းထုတ်စက်ကိရိယာများ အလွန်အမင်းအေးခဲသည့်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ခြင်း စသည်တို့မှာ ယင်းအဖွဲ့က ဝင်ရိုးစွန်းစူးစမ်းလေ့လာရေးကဏ္ဍ တရုတ်နိုင်ငံ၏ စွမ်းရည် ခုန်ပျံကျော်လွှားတိုးတက်မှုအဖြေလွှာကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။ (Xinhua)

“နှင်းနဂါး” သင်္ဘောကြီးရှေ့တွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“နှင်းနဂါး” သင်္ဘောကြီး ဆိုက်ကပ်ရာ တရုတ်နိုင်ငံ အန္တာတိကစူးစမ်းလေ့လာရေး ပြည်တွင်းစခန်းဆိပ်ကမ်းအား ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
历时160天 第42次南极考察“雪龙”号“凯旋”
新华社照片,上海,2026年4月9日
4月9日,历时160天、航程3.4万余海里,执行中国第42次南极考察的“雪龙”号,凯旋归国。550名队员、常规物资补给量超3600吨、内陆考察104天,人员规模和任务量等再创新高;热水钻探刷新世界纪录,国产新装备挺立极寒……这支队伍交出一份中国极地探索能力跃升的答卷。
1. 4月9日,中国第42次南极考察队队员走下“雪龙”号。新华社记者 张建松 摄
2. 4月9日在“雪龙”号前拍摄的欢迎仪式。新华社记者 张建松 摄
3. 4月9日,“雪龙”号停靠在中国极地考察国内基地码头。新华社记者 张建松 摄