Connect with us

Culture

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သင်္ကြန်ပွဲတော် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ MIEC တရုတ်စာသင်ကျောင်းတွင် ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ MIEC တရုတ်စာသင်ကျောင်းတွင် ကျင်းပသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သင်္ကြန်ပွဲတော်မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Myanmar International Education Center (MIEC) တွင် ဧပြီ ၁၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို MIEC တရုတ်စာသင်ကျောင်းနှင့် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ရန်ကုန်မြို့ရုံးခွဲ) မှ ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှု သံမှူး လီချန်းကော်၊ MIEC တရုတ်စာသင်ကျောင်း အထွေထွေမန်နေဂျာ လီရူယွိ၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးမှ တာဝန်ခံ လီချီကွေ့နှင့် ရန်ကုန်ရုံးခွဲတာဝန်ခံ လီခဲ့၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) မှ ကိုယ်စားလှယ်များ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှု သံမှူး လီချန်းကော်က အမှာစကားပြောကြားရာတွင် သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး ရိုးရာပွဲတော်ဖြစ်သလို တရုတ်နိုင်ငံ တောင်ပိုင်းဒေသ တိုင်းရင်းသားလူမျိုးစုများ၏ ထူးခြားသည့်ဓလေ့ထုံးတမ်းလည်း ဖြစ်ရာ နှစ်နိုင်ငံ ပြည်သူများအတွက် နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုသော၊ ကောင်းကျိုးမင်္ဂလာ ဆုမွန်ကောင်းတောင်းကြသည့် ဘုံမျှော်လင့်ချက်များကို ဆောင်ကြဉ်းလျက်ရှိကြောင်း၊ အပြန်အလှန်ပက်ဖျန်းကြသည့် သုခရေချမ်း၊ ချစ်ကြည်ရေးရေချမ်း၊ မျှော်လင့်ချက်ရေချမ်းများသည် နှစ်နိုင်ငံ အပြန်အလှန် သိရှိနားလည်၊ ရင်းနှီးကျွမ်းဝင်ကြသည့် ပြည်သူများအကြား စိတ်နှလုံးချင်းဆက်နွှယ်ကြသည့် ရေလှိုင်းဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် MIEC တရုတ်စာသင်ကျောင်း အထွေထွေမန်နေဂျာ ဒေါ်အိအိမွန်နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ရန်ကုန်မြို့ရုံးခွဲ) တာဝန်ခံ လီခဲ့တို့က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် ဆုမွန်ကောင်းများတောင်းပေးခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက သင်္ကြန်သီချင်းများနှင့်အတူ မြန်မာ-တရုတ် တေးသီချင်းများ သီဆိုဖျော်ဖြေကပြခဲ့ကြသလို အတူစုံညီကာ ပျော်ရွှင်စွာ ရေပက်ကစားကြသည့်အပြင် ပေါက်ဖော်စာကြည့်တိုက် စာစီစာကုံးပြိုင်ပွဲဆုများလည်း ချီးမြှင့်ခဲ့ကြသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ MIEC တရုတ်စာသင်ကျောင်းတွင် ကျင်းပသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သင်္ကြန်ပွဲတော်မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ MIEC တရုတ်စာသင်ကျောင်းတွင် ကျင်းပသည့် ပေါက်ဖော်ချစ်ကြည်ရေး သင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူး လီချန်းကော် နှုတ်ခွန်းဆက်အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ MIEC တရုတ်စာသင်ကျောင်းတွင် ကျင်းပသည့် ပေါက်ဖော်ချစ်ကြည်ရေး သင်္ကြန်ပွဲတော်တွင် MIEC တရုတ်စာသင်ကျောင်း အထွေထွေမန်နေဂျာ လီရူယွိ နှုတ်ခွန်းဆက်အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ MIEC တရုတ်စာသင်ကျောင်းတွင် ကျင်းပသည့် ပေါက်ဖော်ချစ်ကြည်ရေး သင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ရန်ကုန်ရုံးခွဲ) တာဝန်ခံ လီခဲ့ နှုတ်ခွန်းဆက်အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)