China
တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်တွန်းအားကို အရှိန်မြှင့်တင်လာသည်နှင့်အမျှ စာသင်ခန်းများထဲသို့ AI ကို ဆောင်ကြဉ်းရန် ဖော်ဆောင်နေ
ပေကျင်း၊ ဧပြီ ၁၀ (ဆင်ဟွာ)
တရုတ်နိုင်ငံမှာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအား အရှိန်မြှင့်နေပြီး ၎င်း၏စီးပွားရေးကို ဒစ်ဂျစ်တယ်အနာဂတ်သို့ ပို၍လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်လျက်ရှိရာ အစောပိုင်းအဆင့်မှစ၍ စာသင်ခန်းများထဲသို့ ဉာဏ်ရည်တု (AI) နည်းပညာအား ပေါင်းစပ်ရန် ရည်ရွယ်သည့် “AI Plus Education” အစီအစဉ်ကို စတင်ရန် စီစဉ်လျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် ပညာရေးအဆင့်အားလုံးတွင် လွှမ်းခြုံ၍ အများပြည်သူအထိပါ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့နိုင်သည့် ပြည့်စုံသော AI ပညာရေးစနစ်တစ်ခုကို ၂၀၃၀ ပြည့်နှစ်တွင် တည်ထောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု ပညာရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China moves to bring AI into classrooms as it accelerates digital push
BEIJING, April 10 (Xinhua) — China plans to launch an “AI Plus Education” initiative, aiming to integrate artificial intelligence (AI) into classrooms from an early stage as the country accelerates efforts to develop the technology and adapt its economy to an increasingly digital future.
By 2030, China aims to establish a comprehensive AI education system that spans all levels of schooling and extends to the broader public, the Ministry of Education said Friday. ■
English Caption 1
Students have an artificial intelligence lesson at a middle school in Liuzhou, south China’s Guangxi Zhuang Autonomous Region, Sept. 2, 2024. (Photo by Li Hanchi/Xinhua)
English Caption 2
This photo taken in June 2024 shows a teacher instructing a student to use AI on mobile phone in Lijia Experimental Primary School in southwest China’s Chongqing Municipality. (Xinhua)
