မြန်မာ-ENG
၂၀၂၆ ဖီဖာ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို တရုတ်အသင်း ဝင်ခွင့်ရရှိ
ဘန်ကောက်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ထန်မာဆက် အားကစားကွင်း၌ ဧပြီ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ အေအက်ဖ်စီ ယူ-၂၀ အမျိုးသမီး အာရှဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် တရုတ်အသင်းက ဥဇဘက်ကစ္စတန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို ပိုလန်နိုင်ငံတွင် ကျင်းပမည့် ဖီဖာ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်သည်။
အုပ်စု-A ထိပ်ဆုံးအသင်းနှင့် အုပ်စု-B တတိယအသင်းတို့ တွေ့ဆုံခဲ့သည့် အဆိုပါပွဲစဉ်၌ တရုတ်အသင်းက ပထမပိုင်းတွင် စိတ်ကြိုက်စိုးမိုးထားနိုင်ခဲ့သည်။ ပွဲချိန် ၂၉ မိနစ်တွင် ယွီကျားချီ၏ ဖြတ်တင်ဘောပေးပို့မှုကို နောက်ခံလူ ကျန်းယွီကျား က အနီးကပ် ခေါင်းတိုက်၍ တရုတ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၄၂ မိနစ်တွင် ယွီ က ဒုတိယဂိုးသွင်းယူခဲ့သည်။ဥဇဘက်ကစ္စတန်အသင်းအတွက် ချေပဂိုးကိုမူ ပွဲချိန် ၆၉ မိနစ်တွင် မာရီဘွန် အီဂမ်ဘာဒီဗာက ခြောက်ကိုက်စည်း ညာဘက်ခြမ်းမှ ဘယ်ခြေဖြင့်သွင်းယူခဲ့သည်။တရုတ်အသင်းအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဧပြီ ၁၅ ရက်တွင် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

ထိုင်းနိုင်ငံ ပထုံဌာနီပြည်နယ်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တရုတ်အသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ အေအက်ဖ်စီ ယူ-၂၀ အမျိုးသမီး အာရှဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်၌ တရုတ်အသင်းမှ ရှဲ့ကျုံးမေ (အရှေ့) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ပထုံဌာနီပြည်နယ်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တရုတ်အသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ အေအက်ဖ်စီ ယူ-၂၀ အမျိုးသမီး အာရှဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်၌ တရုတ်အသင်းမှ ကျိုးရှင်းရီ (အလယ်) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ပထုံဌာနီပြည်နယ်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တရုတ်အသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ အေအက်ဖ်စီ ယူ-၂၀ အမျိုးသမီး အာရှဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်၌ တရုတ်အသင်းမှ ကျန်းယွီကျား(အလယ်) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
…………………………………………………………
(English Version)
China secures qualification for FIFA U20 Women’s World Cup 2026BANGKOK, April 11 (Xinhua) — China edged Uzbekistan 2-1 at the 2026 AFC U20 Women’s Asian Cup on Saturday at Thailand’s Thammasat Stadium to advance to the semifinals, securing qualification for the FIFA U20 Women’s World Cup to be held in Poland.Facing the third-placed team from Group B, China, the top finisher in Group A, dominated the first half. In the 29th minute, China’s defender Zeng Yujia headed home from close
range assisted by Yu Jiaqi’s cross to put China 1-0 ahead. China doubled their lead with Yu’s effort in the 42nd minute.Uzbekistan’s goal was scored by Mehribon Egamberdieva with a left-foot strike on the right side of the six-yard box in the 69th minute.China will face Japan in the semifinals on April 15.English Caption 1Yu Jiaqi (3rd R) of China celebrates scoring with teammates during the quarter-final between China and Uzbekistan at the 2026 AFC U20 Women’s Asian Cup in Pathum Thani, Thailand, April 11, 2026. (Xinhua/Rachen Sageamsak)English Caption 2Xie Zongmei (front) of China competes during the quarter-final between China and Uzbekistan at the 2026 AFC U20 Women’s Asian Cup in Pathum Thani, Thailand, April 11, 2026. (Xinhua/Rachen Sageamsak)English Caption 3Zhou Xinyi (C) of China competes during the quarter-final between China and Uzbekistan at the 2026 AFC U20 Women’s Asian Cup in Pathum Thani, Thailand, April 11, 2026. (Xinhua/Rachen Sageamsak)English Caption 4Zeng Yujia (C) of China celebrates scoring during the quarter-final between China and Uzbekistan at the 2026 AFC U20 Women’s Asian Cup in Pathum Thani, Thailand, April 11, 2026. (Xinhua/Rachen Sageamsak)
