Connect with us

Media

ယူနန်ပြည်နယ် လန်ချန်းခရိုင်က ပျော်ရွှင်ဆင်နွှဲ အတာသင်္ကြန်ပွဲ

ဖူအယ်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ လန်ချန်း လားဟူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် သင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်က ကျင်းပခဲ့သည်။ 

ပွဲတော်ကို ခမ်းနားထည်ဝါလှသော တိုင်းရင်းသားလူမျိုးများ စီတန်းလှည့်လည်ပွဲဖြင့် စတင်ခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော်က တိုင်လူမျိုး၊ လားဟူလူမျိုး၊ ဂျိမ်းဖောလူမျိုး စသည့် တိုင်းရင်းသားဝတ်စုံများကို ဆင်မြန်းကာ ဒေါင်းအက၊ ဗုံရှည်အက စသည့် ရိုးရာအလှအပများကို ဖျော်ဖြေပြသခဲ့ကြသည်။ 

ရေပက်ကစားပွဲအခမ်းအနားကို လန်ချန်းခရိုင်ရှိ ပျော်ရွှင်ဖွယ် လားဟူမြို့နယ်လေးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် လူပေါင်း သောင်းနှင့်ချီက ရေခွက်များ၊ ရေပြွတ်များကိုင်ဆောင်ကာ မင်္ဂလာရေချမ်းကို ပက်ဖြန်း၍ ပျော်ရွှင်ကြည်နူးစွာ ကစားခဲ့ကြသည်။ ရေပန်းများ၊ ပျော်ရွှင်စွာ ရယ်မောသံများနှင့် ပြည့်နှက်လျက်ရှိပြီး ရေကစားခြင်းမှတစ်ဆင့် အပြန်အလှန် ဆုမွန်ကောင်းများပို့သပေးကြသည်။ 

ပွဲတော်ကာလတွင် အီလက်ထရောနစ်ဂီတရေပက်ပွဲ၊ လမ်းတစ်လျှောက်စားပွဲရှည်ဖြင့် ဧည့်ခံပွဲ၊ ညမီးပုံပွဲ စသည်တို့ကို ကျင်းပခဲ့ရာ လန်ချန်း၏ လှိုက်လှဲမှုနှင့် ပျော်ရွှင်ကြည်နူးမှုများကို လူအများက အချိန်ပြည့် ကိုယ်တိုင်ခံစားဖြတ်သန်းခဲ့ကြသည်။ (Xinhua)

————–

(Chinese Version)

穿越机视角“沉浸式”感受云南澜沧泼水狂欢【解说】4月11日,云南省普洱市澜沧拉祜族自治县举办泼水节。活动在盛大的民族巡游中拉开帷幕,两千余人组成的队伍身着傣族、拉祜族、景颇族等民族服饰,以孔雀舞、象脚鼓舞等展示多彩风情。  开泼仪式在澜沧街快乐拉祜小镇举行。现场数万群众手持水具,尽情泼洒吉祥之水。水花飞溅,欢声如潮,人们以水为媒,互致祝福。活动期间还举办了电音泼水、长街宴及篝火晚会,人们全天候沉浸于澜沧的热情与欢乐之中。  新华社记者 陈欣波 云南普洱澜沧报道。(完)