Connect with us

Media

ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားသင်္ကြန်ပွဲတော်တွင် မီးပုံးပျံပေါင်းသောင်းနှင့်ချီက ကြယ်တာရာများပမာ ကောင်းကင်ယံအား လင်းလက်စေ

ယူနန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်မြို့တွင် ဧပြီ ၁၃ ရက် ညပိုင်းက မီးပုံးပျံပေါင်း သောင်းနှင့်ချီ လန်ချန်းမြစ်ကမ်းနံဘေးကို ထွန်းလင်းခဲ့သည်။ 

အနယ်နယ်အရပ်ရပ်မှလာကြသော ခရီးသွားဧည့်သည်များနှင့် မြို့နေပြည်သူများက ဆုမွန်ကောင်းတောင်းစာများရေးသားထားသော မီးပုံပျံလေးများကို လွှတ်တင်ကြရာ ထောင်သောင်းချီသော မီးအလင်းရောင်များက ကြယ်တာရာပမာ ဝေဝေဆာဆာလင်းလက်လျက်ရှိရာ မြစ်ရေပြင်ကလှိုင်းကြက်ခွပ်ကလေးများနှင့်အပြိုင် ပနံသင့်လျက်ရှိသည်။ 

ယင်းမှာ တိုင်းပြည်နှင့် ပြည်သူ အေးချမ်းသာယာ၊ စည်ပင်ဝပြောပါစေကြောင်း ဆန္ဒပြုဆုတောင်းကြခြင်းလည်း ဖြစ်သည်။ (Xinhua)

——————————————————-

(Chinese Version)

云南西双版纳泼水节万盏天灯点亮人间星河【简介】4月13日晚,云南省西双版纳傣族自治州景洪市,万盏天灯同时点亮澜沧江畔。来自五湖四海的游客和市民将一盏盏写满祝福的孔明灯放飞,万千灯火如星河倒悬,与江面波光交相辉映。愿山河无恙、国泰民安!