Connect with us

Media

ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ နေရာအနှံ့အပြားတွင် သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပ 

တက်ဟုန်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ နေရာအနှံ့အပြားတွင် သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပလျက်ရှိသည်။ မန်စီမြို့တွင် တိုင်းရင်းသားပြည်သူအသီးသီးက ပွဲတော်အတွက် ခမ်းနားထည်ဝါသည့် အဝတ်တန်ဆာများ ဆင်မြန်းကာ အိုးစည်ဗုံမောင်းသံများကြားတွင် တစ်ပျော်တစ်ပါး သီဆိုကခုန် ဆင်နွှဲကြသည်။ အရပ်မျက်နှာအသီးသီးမှလာသော ခရီးသွားဧည့်သည်များကလည်း မင်္ဂလာရေချမ်းကို အပြန်အလှန် ပက်ဖြန်းက ဆုမွန်ကောင်းများပို့သကြသည်။ 

ရေပန်း၊ ရေမှုန်၊ ရေမွှားများအကြားတွင် ပျော်ရွှင်ကြည်နူးစွာ ရယ်မောသံများနှင့် ပြည့်လျှံလျက်ရှိပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် အထူးယဉ်ကျေးမှုအနုပညာတင်ဆက်မှုများကလည်း စဉ်ဆက်မပြတ်ချေ။ လုံချွမ်းခရိုင်တွင် တိုင်လူမျိုး၊ တအာင်းလူမျိုးများက ကပန့်ကွမ်း ဗုံအကကို အဖွဲ့လိုက်ကပြဖျော်ဖြေကြသလို ပန်းခူးပွဲ၊ အိတ်ပစ်ပွဲ၊ ရိုးရာသီချင်းပြိုင်ပွဲ စသည့် ရိုးရာဓလေ့အစီအစဉ်များကို ကျင်းပကာ အပြန်အလှန် မင်္ဂလာရေချမ်းပက်ဖြန်းကာ ကျေးလက်ရေကစားသည့် စည်ကားမှုနှင့် ပျှော်ရွှင်မှုများကို အတူမျှဝေခဲ့ကြသည်။ ယဉ်ကျန်းခရိုင်တွင်မူ ရေချမ်းဖြင့််သော်လည်းကောင်း၊ အိုးစည်ဗုံမောင်းသံများဖြင့်သော်လည်းကောင်း ခင်မင်ရင်းနှီးစွာ မိတ်ဖွဲ့ကြသည်။ ရာနှင့်ချီသော ဗုံတီးခတ်သူများက တူစုံလက်ညီ ရိုးရာဗုံကို တီးခတ်ကြရာ ဒြပ်မဲ့ယဉ်ကျေးမှုရိုးရာဓလေ့နှင့် တိုင်လူမျိုးတေးသံစပ် အီလက်ထရွန်နစ်ဂီတသံတို့ ပေါင်းစပ်ကာ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား ဆင်နွှဲကြသည်။ (Xinhua)

——————

(Chinese Version)云南德宏多地举行泼水节【解说】这几天,云南省德宏州多地举行泼水节活动。  在芒市,各族群众身着节日盛装,在象脚鼓与铓锣声中载歌载舞,与八方游客相互泼洒吉祥之水,传递祝福。水花飞溅、欢声洋溢,传统民俗活动与特色文化展演轮番上演。  在陇川,傣族、德昂族群众共跳嘎伴光舞,采花、丢包、民歌大赛等民俗活动轮番上演,大家互泼吉祥水,共享乡村泼水的热闹与喜庆。  在盈江,以水为媒、以鼓会友,数百名鼓手齐奏传统大鼓,非遗民俗与傣迪电音激情碰撞,泼水狂欢气势如虹。  孙敏、童霜霜、段宗智、李明 云南德宏报道。(完)