Connect with us

International Organizations

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တရုတ်နှစ်သစ်ကူး ဆုတောင်း စကားပြောကြား

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ် အားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

ကုလသဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်သည် တရုတ်နှစ်သစ်ကူး( သို့မဟုတ်) နွေဦးပွဲတော်အတွက် ဖေဖော်ဝါရီ ၄ ရက်တွင် ဆုတောင်းစကားပြောကြားခဲ့ကြောင်း သိရသည်။

ဗီဒီယိုဖိုင်တစ်ခုဖြစ်ပေးပို့သော နှစ်ကူး ဆုတောင်းစကားတွင် ဂူတာရက်စ်က တရုတ်နိုင်ငံ နှင့် တရုတ်ပြည်သူများအား ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် ၎င်းတို့ ၏ ကြိုးပမ်းအားထုတ်မှုများ နှင့် ကတိကဝတ်များအတွက် ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဂူတာရက်စ်က တရုတ်မန်ဒရင်းဘာသာစကားဖြင့် “ ရှင်းနရန်ဂျီခွိုက်လဲ့” ပျော်ရွှင်စရာ နွေဦးပွဲတော်ဖြစ်ပါစေဟု နှုတ်ခွန်းစကားပြောကြားခဲ့ပြီး “ ပျော်ရွှင်စရာပွဲတော်အချိန်အခါ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်” ဟု ဆိုခဲ့သည်။

“ ယခုနှစ်မှာ ကမ္ဘာ့လူသားအားလုံးရဲ့ ငြိမ်းချမ်းရေး နဲ့အကျိုးစီးပွားကို တည်ဆောက်ဖို့၊ ဘယ်သူတစ်ဦးတစ်ယောက်မှ နောက်ကျကျန်ရစ်မနေရအောင် ကျွန်တော်တို့လက်ချင်း ချိတ်ထားကြပါစို့” ဟု ၎င်းက ဆိုသည်။

“ ဒီနေ့ကမ္ဘာကြီးမှာ လေပြင်းကြီးတွေတိုက်ခတ်နေလင့်ကစား အတူတကွ လက်တွဲ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် အောင်မြင်မှု ရနိုင်မယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ အဲဒီစိတ်ခွန်အားနဲ့နှစ်သစ်မှာ သင်တို့နဲ့သင်တို့မိသားစုဝင်များအားလုံး ပျော်ရွှင်မှု ၊ အောင်မြင်မှု နဲ့ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခုနှစ် တရုတ်နှစ်ကူး(ဝက်နှစ်) သည် ဖေဖော်ဝါရီ ၅ ရက်တွင်ကျရောက်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.