Connect with us

International Organizations

ဗဟိုအာဖရိက သမ္မတနိုင်ငံအစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်ချမ်းရေးဆွေးနွေးမှု အောင်မြင်မှုအပေါ် ကုလသမဂ္ဂ အကြီးအကဲ ဂုဏ်ပြု

ဆူဒန်နိုင်ငံ သမ္မတ အိုမာအယ်လ်-ဘာရှာ (Omar al-Bashir) နှင့် ဗဟိုအာဖရိက သမ္မတနိုင်ငံ သမ္မတ Faustin Archange Tousdera တို့အား ဖေဖော်ဝါရီလ ၅ ရက်က ငြိမ်းချမ်းရေးသဘောတူညီချက် လဲလှယ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဗဟိုအာဖရိက သမ္မတနိုင်ငံ (CAR) အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်ချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ “အောင်မြင်စွာ အဆုံးသတ်” နိုင်ခဲ့သည့်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဖေဖော်ဝါရီလ ၆ ရက်တွင် ချီးကျူးပြောကြားလိုက်သည်။

“ဗဟိုအာဖရိက သမ္မတနိုင်ငံ (CAR) အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား ဘန်ဂီမြို့တွင် ဖေဖော်ဝါရီလ ၆ ရက်က ကမ္ဘာငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးတဲ့အခါသမယနဲ့ ဆူဒန်နိုင်ငံ ခါတွန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့အတွက် နှစ်ဖက်ပါဝင်သူများအားလုံးကို အတွင်းရေးမှူးချုပ်က ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်” ဟု ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် ဆွေးနွေးပွဲ၌ အာဖရိကသမဂ္ဂ၏ အရေးပါသော အခန်းကဏ္ဍအား ကုလသမဂ္ဂ အကြီးအကဲက မှတ်ချက်ပြု ပြောကြားခဲ့ပြီး နှစ်ဖက်ပါဝင်သူများအားလုံးအနေဖြင့် အကောင်အထည်ဖော်ရေးကာလတွင် ၎င်းတု့ိ၏ ကတိကဝတ်များအား ဖြစ်မြောက်လာစေရန် တိုက်တွန်းအားပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.