Connect with us

Africa & Middle East

အီရတ် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ က IS ၏ ဖမ်းဆီးခြင်း ခံထားရသော အမျိုးသမီး နှင့် ကလေးငယ် အပါအဝင် လူ ၁၂ ဦး အား ကယ်ထုတ်

အီရတ် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင် များ တိုက်ခိုက်မှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားမှု ဌာန က နိုင်ငံ မြောက်ပိုင်း တွင် IS အစွန်းရောက် အဖွဲ့အစည်း ၏ ဖမ်းဆီးခြင်း ခံထားရသော Yazidis လူမျိုး အမျိုးသမီးများ နှင့် ကလေးငယ်များ အပါအဝင် လူ ၁၂ ဦး ကို ကယ်ထုတ်ပေး နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ညွှန်ကြားမှု ဌာန ပြောရေးဆိုခွင့်ရှိသူ က အီရတ် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ အနေဖြင့် နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ် Mosul အနီးတွင် ကယ်ဆယ်မှု စစ်ဆင်ရေး ဆောင်ရွက် ခဲ့ရာ IS အစွန်းရောက် အဖွဲ့အစည်း ၏ ဖမ်းဆီးခြင်း ခံထားရသော အမျိုးသမီး ၆ ဦး နှင့် ကလေးငယ် ၆ ဦး အား ကယ်ဆယ် နိုင်ခဲ့ကြောင်း ၊ လုံခြုံရေး တပ်ဖွဲ့ ၏ ပို့ဆောင်မှု ဖြင့် ၎င်း တို့အား Yazidis လူမျိုးများ စုဝေး နေထိုင်သည့် Sinjar မြို့ သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အီရတ် နိုင်ငံ က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် IS အစိုးရောက် အဖွဲ့အစည်း အား တိုက်ခိုက်မှု ၌ သမိုင်းတွင်သည့် အောင်မြင်မှုရရှိခဲ့ကြောင်း ကြေညာ ခဲ့သော်လည်း လက်ရှိချိန်ထိ IS အဖွဲ့ဝင် များ က ဝေးလံ သည့် ဒေသ များတွင် ဆက်လက် ပုန်းအောင်းကာ အချိန်အားလျှော်စွာ တိုက်ခိုက်မှုများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ ၏ စာရင်းပြုစုချက်အရ လက်ရှိချိန်ထိ အီရတ် နိုင်ငံ တွင် IS အစွန်းရောက် အဖွဲ့ဝင်ပေါင်း ၂၀,၀၀၀ ကျော် ဆက်လက်တည်ရှိနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.