Asia
အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တွင် ဒုတိယအကြိမ် တောမီးလောင်ကျွမ်းမှုဖြစ်ပွား
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနတာကာပြည်နယ် သီယာသာဟာလီခရိုင်ခွဲရှိ ကရာဒီမတ်တီနှင့် ကွတ်ချာလူ သစ်တောကြိုးဝိုင်းများတွင် ဖေဖော်ဝါရီလ ၂၅ ရက်နှောင်းပိုင်းတွင် နောက်ထပ် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တောမီးသည် ဟက်တာ ၂၀ ကျော်အထိ ကူးစက်လောင်ခဲ့ပြီး ဒေသခံရွာသားများ၏ အကူအညီဖြင့် သစ်တော တာဝန်ရှိသူများက မီးငြှိမ်းသတ်ခဲ့ရကြောင်း သတင်းများက ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း ဘန်ဒီပါရ်တိုက်ဂါး ကြိုးဝိုင်းတွင် တောမီးလောင်ခဲ့ရာ သစ်တောဧကများ ပျက်စီးသွားကာ ကြီးမားသောဆုံးရှုံးမှုနှင့် တောရိုင်းတိရစ္ဆာန်များ သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ တောမီးကြောင့် ခန့်မှန်းခြေ ဟက်တာ ၃,၀၀၀ လောင်ကျွမ်းခဲ့ကြောင်း၊ တောမီးကိုထိန်းနိုင်ရန် အိန္ဒိယလေတပ်အား ပြည်နယ်အစိုးရက အကူအညီခေါ်ယူခဲ့ရကြောင်း သိရသည်။ (Xinhua)