Videos
ကုန်းပေါ်တွင်သာ မကဘဲ ရေထဲ၌ပါ ပြေးဆွဲနိုင်သည့် မောင်းသူမဲ့ ဘတ်စ်ကား
ဟူနန်၊ မတ် ၁၂ ရက်(ဆင်ဟွာ)
ကုန်းပေါ်တွင်သာ မကဘဲဒူးဆစ်ခန့်အနက်ရှိ ရေထဲ၌ပါ ပြေးဆွဲနိုင်သည့် မောင်းသူမဲ့ ဘတ်စ်ကား ကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် စမ်းသပ် လျက်ရှိသည်။ ၎င်းကို တရုတ် နိုင်ငံရှိ အမြန်ရထားများ ထုတ်လုပ်ရေးလုပ်ငန်း CRRC မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ယာဉ်မောင်းလိုက်ပါစရာမလိုဘဲ အလိုအလျောက်မောင်းနှင်နိုင်မည့် ဆင်ဆာစနစ်ကိုထည့်သွင်းထားသည်။ မောင်းနှင်စဉ်အတွင်း လမ်းတစ်လျှောက် အတားအဆီးများကို အာရုံခံနိုင်စွမ်းရှိမည်ဖြစ်ပြီး အလိုအလျောက် ကွေ့နိုင်၊ ရပ်နိုင်မည်ဟုသိရသည်။ ကား၏ လျှပ်စစ်မော်တာအား ရေထဲ၌ ပင် ကောင်းမွန်စွာလည်ပတ်နိုင်အောင်ပြုလုပ်ထားမှုမှာ အဆိုပါကား၏ထူးခြားမှုတစ်ခုဖြစ်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများတွင် အဆင်ပြေစွာ သွားလာနိုင်ရန် တီထွင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)