Videos
တရုတ်နိုင်ငံတွင် 5G ကွန်ရက်နည်းပညာဖြင့် အဝေးမှထိန်းချုပ်ကာ ခွဲစိတ်မှုပြုလုပ်
ဟိုင်နန်၊ မတ် ၁၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် Sanyaမြို့ရှိ Hainan Branch of PLA General Hospital ဆေးရုံတွင် တရုတ်နိုင်ငံ၏ ပထမဆုံး 5G ကွန်ရက်နည်းပညာဖြင့် အဝေးမှထိန်းချုပ်ကာ ခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ် နိုင်ခဲ့ကြောင်းသိရသည်။ ပါကင်ဆန်ရောဂါဝေဒနာခံစားနေရသည့် ဝေဒနာရှင်အား အချိန် ၃ နာရီကြာ ခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဟိုင်နန်မြို့နှင့် ကီလိုမီတာ၃ဝဝဝ အကွာရှိ ပေကျင်းမြို့မှ PLA ဆေးရုံ၏ တာဝန်ခံဆရာဝန် ဖြစ်သူ ဒေါက်တာ Ling Zhipei က 5G ကွန်ရက်နည်းပညာကိုအသုံးပြုကာ ခွဲစိတ်ခန်းသုံး ကိရိယာများကိုထိန်းချုပ်ပြီး လူနာ၏ ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်မှုကိရိယာကို အောင်မြင်စွာထည့်သွင်း ပေးနိုင်ခဲ့သည်။
ဒေါက်တာ Ling Zhipei က “ 5G ကွန်ရက်နည်းပညာ ဟာဆိုရင် 4G ကွန်ရက်အသုံးပြုစဉ်မှာဖြစ်ပေါ်တတ်တဲ့ ဗီဒီယိုလိုင်းကျတာတို့၊ အဝေးမှ တိုက်ရိုက်ထိန်းချုပ်မှုတွေမှာနှောင့်နှေးတဲ့ ပြဿနာတို့ကိုဖြေရှင်းပေးနိုင်ခဲ့ပါပြီ။ အနာဂတ်မှာလည်း 5G ကွန်ရက်နည်းပညာရဲ့ အကျိုးကျေးဇူးတွေကြောင့် ကျွန်တော်တို့ ဆေးရုံတွေအများကြီးမှာ ခွဲစိတ်ကုသမှုတွေကို အဝေးကလှမ်းပြီး တိုက်ရိုက်ထိန်းချုပ်ကုသနိုင်တော့မှာပါ။ အဲဒီလိုဆိုရင် လူနာတွေအနေနဲ့လည်း သူတို့နီးစပ်ရာဆေးရုံတွေကနေပြီးတော့ ခွဲစိတ်မှုတွေ ခံယူနိုင်ကြတော့မှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။(Xinhua)