Africa & Middle East
တူနီးရှားသမ္မတက အကျဉ်းသား ၁,၅၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြစ်ဒဏ်လျှော့ပေါ့ပေး
တူးနစ်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
တူနီးရှားနိုင်ငံ သမ္မတ Beji Caid Essebsi သည် မတ် ၂၀ ရက်တွင် ကျရောက်သော တူနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ တွင် အကျဉ်းသား ၁,၅၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း တူနီးရှားနိုင်ငံ သမ္မတရုံးက မတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအကျဉ်းသားများအနက် ၆၀၁ဦးကို အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီး ကျန်ရှိသည့် အကျဉ်းသား ၉၅၈ဦး ကို ပြစ်ဒဏ်များလျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။
တူနီးရှားနိုင်ငံ သည် ပြင်သစ်နိုင်ငံလက်အောက်မှ လွတ်မြောက်ခဲ့သည့် မတ်လ ၂၀ရက်နေ့ကို တူနီးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလေ့ရှိပြီး ၎င်းသည် ၁၉၅၆ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)