Videos
တရုတ်တက္ကသိုလ်ကျောင်းသားများက မောင်းသူမဲ့ အမှိုက်သိမ်းရေယာဉ် တီထွင်
ရှန်ရှီး၊ မတ် ၂၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံရှိ တက္ကသိုလ်ကျောင်းသားတစ်စုက ရှန်ရှီးပြည်နယ်၌ ရေထဲတွင် စွန့်ပစ်ထားသည့် အမှိုက်များကို လိုက်လံသိမ်းဆည်းရန် မောင်းသူမဲ့ အမှိုက်သိမ်းရေယာဉ်အမျိုးအစား တစ်ခုကို တီထွင်ခဲ့ကြသည်။ ၎င်းကို အဝေးထိန်းခလုတ်ဖြင့် မောင်းနှင်နိုင်ကာ အကျယ်အဝန်းအားဖြင့် ၁.၃ မီတာရှိကာ အမြင့် ဝ.၉ မီတာရှိပြီး ၁.၆ မီတာ အရှည်ရှိသည်။ ထိုရေယာဉ်ကို အားအပြည့်သွင်းရန် အချိန် ၄နာရီ သာ အားသွင်းရန် လိုအပ်ပြီး အားအပြည့်သွင်းထားပါက ရေထဲရှိ အမှိုက်တန်ချိန်ပေါင်း ၂၅ ကီလိုဂရမ်ခန့်ကို အချိန် ၈ နာရီ ခန့်အထိ ဆက်တိုက် လိုက်လံသိမ်းဆည်း နိုင်မည် ဖြစ်သည်။ ပုံမှန်အမှိုက်လိုက်လံသိမ်းဆည်းသူများထက် အမှိုက်သိမ်းရေယာဉ်မှာ ၃ ဆခန့် ပိုမိုစွမ်းဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)