Connect with us

Asia

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား အနည်းဆုံး လူ ၁၅ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ တွင် ၂၀၁၇ ခုနှစ် ၌ ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် တွင် မေလ ၁၁ ရက် ၌ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ သတင်း မီဒီယာများ ၏ ဖော်ပြချက် အရ မေလ ၁၁ ရက် ၌ မော်တော်ယာဉ် တစ်စင်း နှင့် ခရီးသည်တင်ယာဉ် တစ်စင်း တို့ တိုက်မိခဲ့ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် အနည်းဆုံးလူ ၁၅ ဦး သေဆုံး ခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ မော်တော်ယာဉ် သည် မော်တော်ဆိုင်ကယ် အား တိမ်းရှောင်စဉ် အရှိန်မထိန်းနိုင်တော့ဘဲ ခရီးသည်တင်ယာဉ် အား ဝင်တိုက်မိခဲ့ကြောင်း ၊ ယာဉ်တိုက်မှု ဖြစ်ပွား ရသည့် အဓိက အကြောင်းရင်း မှာ မော်တော်ယာဉ် သည် သတ်မှတ်အရှိန် ထက် ကျော်လွန် မောင်းနှင် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ တွင် ကားလမ်းအခြေအနေ ဆိုးရွားခြင်း ၊ ယာဉ်မောင်းများ စည်းကမ်း မလိုက်နာခြင်း ၊ ဝန်ပိုတင်ဆောင်ခြင်း စသည် တို့ကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စာရင်းပြုစုချက် အချို့ အရ နှစ်စဉ် လူပေါင်း တစ်သိန်းခွဲခန့် ယာဉ်မတော်တဆမှု ကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)