Connect with us

Asia

မော်ရိုကို ရေတပ် က မြေထဲပင်လယ် ၌ နိုင်ငံ ဖြတ်ကျော် ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦး အား ကယ်ဆယ်ပေးနိုင်ခဲ့

တရားမဝင် နိုင်ငံ ဖြတ်ကျော် ရွှေ့ပြောင်းသွားလာသူများ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရာဘတ် ၊ မေ ၁၂ ရက် (ဆင်ဟွာ)

မော်ရိုကို ရေတပ် ၏ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ က မေလ ၁၀ ရက် ညပိုင်း အချိန် မှ စတင်၍ ၁၁ ရက် နံနက်ပိုင်း အချိန်ထိ မြေထဲပင်လယ် ၌ တရားမဝင် နိုင်ငံ ဖြတ်ကျော် ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦး အား ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သတင်းဖော်ပြချက် အရ သိရှိခဲ့ရသည်။

မော်ရိုကို နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ပုံမှန် ကင်းလှည့်နေသည့် မော်ရိုကို ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ က မြေထဲပင်လယ်တွင် ဒုက္ခရောက် နေသည့် ရော်ဘာလှေ ၃ စင်း အား တွေ့ရှိခဲ့ပြီး လှေပေါ်ရှိ လူ ၁၁၇ ဦး အား ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ ကယ်ဆယ်ခံရသူများ က ကျန်းမာရေး ကောင်းမွန်ပြီး ၎င်းတို့အား နိုင်ငံမြောက်ပိုင်းရှိ Nador မြို့ နှင့် Ksar es Seghir မြို့ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။သတင်းဖော်ပြချက်များအရ လတ်တလောကာလ အတွင်း တရားမဝင် နိုင်ငံ ဖြတ်ကျော် ရွှေ့ပြောင်းသွားလာသူများ မကြာခဏ ဝင်ရောက်လေ့ရှိ သောကြောင့် မော်ရိုကို ရေတပ် က နိုင်ငံမြောက်ပိုင်း ပင်လယ်ပြင် တွင် ကင်းလှည့်ခြင်း ကို တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)