Environment, Disasters & Accidents
ဧရာမ ရေပုတ်သင်ကြီးအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း လူသူအရောက် အပေါက်နည်း သည့် လိုဏ်ခေါင်း အတွင်းတွေ့ရှိ
ချုံချင့်၊ ဒီဇင်ဘာလ ၁၄ ရက် (ဆင်ဟွာ)
လွန်စွာကြီးမား သည့် ရှားပါး ရေပုတ်သင်ကြီး တစ်ကောင် အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် စည်ပင်သာယာရေး နယ်မြေ အတွင်းရှိ လူသူ အရောက်အပေါက်နည်း သည့် လိုဏ်ခေါင်း အတွင်းတွေ့ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်းနေ ရေနေ သတ္တဝါကြီး သည့် အလျား ၄ ပေ ၇ လက်မ ရှိပြီး အလေးချိန်အားဖြင့် ၁၁၄ ပေါင် ရှိကြောင်း သိရသည်။
ဧရာမ ရေပုတ်သင်ကြီးအား ရှာဖွေတွေ့ရှိခဲ့သူ လျူဖေးဟုန် က “ကျွန်တော် သူ့ကို ကျောက်တုံးတွေကြားထဲမှ စတင်တွေ့ခဲ့ပြီး အဲ့ဒီအချိန်မှာ သူဟာ လုံးဝ မလှုပ်ရှားပါဘူး။ သူ့ရဲ့ ကြီးမားလွန်းတဲ့ အရွယ်အစား ဟာ ကျွန်တော့်ကို ထိတ်လန့်စေခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ရှားပါးလှသော ရေပုတ်သင်ကြီး သည် သက်တမ်း အားဖြင့် နှစ်ပေါင်း၂၀၀ ကျော် ရှိပြီဟု ခန့်မှန်း ကြောင်း သိရသည်။
ယခု အခါ ၎င်း အား ဒေသဆိုင်ရာ သုတေသန ဌာန သို့ပို့ဆောင်ပြီး ကာကွယ်ပေးထားကြောင်း နှင့် ချုံချင့် တက္ကသိုလ် မှ ဖန်ကျန့်ကျွင်း က သတ္တဗေဒ အား လေ့လာခဲ့သည် မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ထိုသို့ ကြီးမားလှသည့် ရေပုတ်သင်အား ပထမဆုံး အကြိမ်မြင်ဖူးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျွမ်းကျင်သူများ က ရေပုတ်သင်ကြီးများသည် ကမ္ဘာပေါ်တွင် မျိုးတုန်းမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရကြောင်းနှင့် ၎င်း တို့သည် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၃၅၀ ကပင် ဖြစ်တည်ခဲ့ပြီး ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး မျိုးစိတ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)