Connect with us

Environment, Disasters & Accidents

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ပေကျင်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ချေးငွေ ထောက်ပံ့ရန် အတည်ပြု

တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ မြူများ ဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၎င်း၏ ပထမ မူဝါဒ အခြေခံ ချေးငွေ အမေရိကန် ဒေါ်လာ ၃၀၀ သန်း အား ပေကျင်းတွင် ဖြစ်ပွားနေသည့် လေထု ညစ်ညမ်းမှု အား ထိန်းချုပ်နိုင်ရန် အတွက် ကူညီပေးသွားရန် အတည် ပြုခဲ့ကြောင်းသိရသည်။

ချေးငွေ ၏ တစ်စိတ်တစ်ပိုင်းအား ပေကျင်း ၏ အိမ်နီးချင်းများဖြစ်သည့် တျန်ကျင်း စည်ပင်သာယာ နယ်မြေ နှင့် ဟဲပေ ပြည်နယ် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး အစီအစဉ် များတွင်လည်း အသုံးပြု သွားမည်ဖြစ်ကြောင်း ADB မှ ဒီဇင်ဘာလ ၁၀ ရက် နေ့တွင် ပြောကြားခဲ့သည်။

ပေါင်းစပ် ချေးငွေများသည် KfW ဖွံ့ဖြိုးရေးဘဏ် က ထောက်ပံ့သည့် ဟဲပေ ပြည်နယ် အတွက် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ ကုန်ကျမည့် ဟဲပေ လေသန့်စင်ရေး လှုပ်ရှားမှု အစီအစဉ် ၂၀၁၅-၂၀၁၆ ၏ ခန့်မှန်း အသုံးစရိတ် ယူရို ၁၅၀ သန်း ၏ ပူးတွဲချေးငွေများ ဖြစ်သည်ဟု ခန့်မှန်းကြောင်းသိရသည်။

ဘဏ်၏ ခန့်မှန်းချက်များကို အခြေခံပြီး မူဝါဒ ချမှတ် လုပ်ဆောင်မှုများသည် ဟဲပေ ၏ နှစ်စဉ် ကျောက်မီးသွေး သုံးစွဲမှု ကို တန်ချိန် ၁၂.၄ သန်း လျှော့ချပေးနိုင်မည်ဖြစ်ကာ ယင်း ပမာဏသည် ၂၀၁၂ ခုနှစ်တွင် ပြည်နယ် တစ်ခုလုံး စုစုပေါင်း ကျောက်မီးသွေး သုံးစွဲမှု၏ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်းသိရသည်။

လုပ်ဆောင်ချက်များ သည် လေထုညစ်ညမ်းမှု နှင့် ဖန်လုံအိမ် အာနိသင် ဖြစ်စေသည့် ဓါတ်ငွေ့များ ထုတ်လွှတ်မှု အားလျှော့ချပေး နိုင်မည်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏ နှင့်ဆန့်ကျင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှု ပမာဏ တစ်မျိုးတည်းပင် တန်ချိန် ၁၈သန်းတန် လျှော့ချ နိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.