Connect with us

North America

Qomolangma တောင်ထိပ်သို့ ရောက်ရှိပြီးနောက် ကော်ရိုနာဒိုပြည်နယ်သား တစ်ဦးသေဆုံး

Qomolangma တောင်အား တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ မေ ၂၆ ရက် (ဆင်ဟွာ)

Qomolangma တောင်ထိပ်သို့ ရောက်ရှိပြီးနောက် အမေရိကန်နိုင်ငံ ကော်ရိုနာဒိုပြည်နယ်သားတစ်ဦး မေလ ၂၇ ရက်က သေဆုံးခဲ့ပြီး ယခုရာသီအတွင်း သေဆုံးခဲ့သည့် ဒုတိယမြောက် အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်သလို ၁၁ ဦးမြောက်သေဆုံးသူလည်းဖြစ်ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ သေဆုံးသူမှာ အသက် ၆၂ နှစ်အရွယ် ခရစ္စကူးလ်လစ်ရှ် (Chris Kulish) ဆိုသူဖြစ်ပြီး ကော်ရိုနာဒိုပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သူဖြစ်ကြောင်း Denver Post သတင်းအရ သိရသည်။

၎င်းသည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်မှာ ပြန်ဆင်းစဉ် မေလ ၂၇ ရက်က သေဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုက ကြေညာချက်တွင် အတည်ပြုပြောကြားထားသည်။ ၎င်းသေဆုံးရခြင်းအကြောင်းရင်းအား ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သတင်း၌ ဖော်ပြထားသည်။

“သူ့ဘဝအတွက်တော့ နေထွက်ခြင်းကို နောက်ဆုံးအနေနဲ့ တောင်ထိပ်ပေါ်ကနေမြင်တွေ့ခဲ့ရပါတယ်” ဟု ၎င်း၏ ညီအစ်ကိုဖြစ်သူ မာ့ခ် ကူးလ်လစ်ရှ်က ကြေညာချက်တွင် ပြောကြားထားသည်။

အခြား အမေရိကန်နိုင်ငံသား အသက် ၅၅ နှစ်အရွယ် ဒေါ်နယ်ကက်ရှ် (Donald Cash) ဆိုသူလည်း ပြီးခဲ့သည့် ရက်သတ္တပတ်က Qomolangma တောင်ထိပ်သို့ ရောက်ရှိပြီးနောက် တောင်အောက်သို့ ပြန်ဆင်းစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် ၂၀၁၂ ခုနှစ်ကစ၍ Qomolangma တောင်သို့တက်သည့် တောင်တက်သမားများ သေဆုံးမှု အများဆုံးဖြစ်ကြောင်း သတင်းများက ဆိုသည်။ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော Qomolangma တောင်သို့ တက်ရောက်သည့်ရာသီမှာ ဧပြီလနှင့် မေလတို့ဖြစ်ပြီး ယခုကာလအတွင်း သေဆုံးခဲ့သည့် တောင်တက်သမား ၁၁ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.