Videos
ကျည်ဆန်ရထားများကို ပြုပြင်ထိန်းသိမ်းသည့် စက်ရုပ်များ
ရှန်ဟိုင်း၊ဇွန် ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံရှန်ဟိုင်းရှိ တွင် ကျည်ဆန်ရထားများ ပြုပြင် ထိန်းသိမ်းရေးစင်တာ၌ စက်ရုပ်များဖြင့် ပြုပြင်ထိန်းသိမ်းမှုကို စတင်ခဲ့ကြောင်းသိရသည်။ scanner များ ကို အသုံးပြုပြီး စက်ရုပ်များက ကျည်ဆန်ရထားများ၏ အောက်ခြေအထိ အပြစ်အနာအဆာများကို ရှာဖွေ စစ်ဆေးပေးနိုင်သည့်အပြင် ပြုပြင်ထိန်းသိမ်းနေစဉ်အတွင်း ဖြစ်ပွားသည့် ပြဿနာများကိုလည်း စက်ရုပ်များကသိရှိ ပြင်ဆင်နိုင်သည်။
စက်ရုပ်များကို အမြင်ပိုင်းဆိုင်ရာ နည်းပညာများနှင့် ပုံရိပ်မှတ်သားနိုင်သည့် နည်းပညာများကို အသုံးပြုကာ ဖန်တီးပြုလုပ်ထားသည်။ စက်ရုပ်များက ရထားများကို အလိုအလျောက် စစ်ဆေးနိုင်ပြီး ပြဿနာများကို လည်း တိကျစွာ ဖြေရှင်း နိုင်သည်။ စက်ရုပ်များ က လူသား အလုပ်သမားများထက် ၂.၇၅ ဆ ပိုမို စွမ်းဆောင်နိုင်ပြီး လူကြောင့်ဖြစ်ပွားသည့် အမှားများ ရှောင်ရှားနိုင်မည်ဖြစ်ကာ လူသားများအတွက် အန္တရာယ်ဖြစ်ပွားနိုင်သည့် အခြေအနေမျိုးတွင် စက်ရုပ်များဖြင့် ကောင်းမွန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။(Xinhua)