Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဒုတိယ သမ္မတ နှင့် အီဂျစ် နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌတို့တွေ့ဆုံ

တရုတ် နိုင်ငံ ဒုတိယ သမ္မတ နှင့် အီဂျစ် နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌတို့ ပေကျင်းမြို့ ၌ တွေ့ ဆုံစဉ်(ဆင်ဟွာ)

ပေဂျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း(Wang Qishan)သည် အီဂျစ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ali Abdel-Aal နှင့် ဇွန် ၁၉ ရက်တွင် တွေ့ဆုံခဲ့ပြီး နယ်ပယ် အသီးသီးတွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပူးတွဲ ကြိုးပမ်း အားထုတ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ ဒုတိယ သမ္မတ Wang က မကြာသေးမီ နှစ်များ အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် တရုတ်-အီဂျစ် ဆက်ဆံရေး ခေတ်သစ်အတွက် ခိုင်မာသည့် နိုင်ငံရေး လမ်းညွှန်မှု နှင့် အာမခံချက် ပေးရန် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ နှင့် အီဂျစ်နိုင်ငံတို့သည် မိတ်ဆွေလုပ်ဖော်ကိုင်ဖက်ကောင်းများ ဖြစ်ကြောင်း ၊ နှစ်ဘက်လုံးသည် သမိုင်းတွင် အဆိုး ၊ အကောင်းများ ကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပြီး ယခုအခါ နှစ်နိုင်ငံလုံးသည် တိုးတက်မှုအား ရှာဖွေ နေကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် ဒေသတွင်း နှင့် ကမ္ဘာလုံး ဆိုင်ရာ လွှမ်းမိုးမှု ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံးသည် ဘုံအကျိုးစီးပွားများအား မျှဝေလျက် ရှိကြောင်း ပြောကြားခဲ့ပြီး Wang က နှစ်ဘက်လုံး ပူးတွဲ အခွင့်အလမ်းများအား ရယူရန် နှင့် စိန်ခေါ်မှုများအား ရင်ဆိုင် ဖြေရှင်းကြရန် ၊ နယ်ပယ် အသီးသီးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် နှင့် ထပ်မံ တိုးချဲ့ကြရန် ၊ တစ်ဦးချင်းစီ၏ အဓိက အရေးကြီးကိစ္စများအား ထောက်ပံ့မှု အပြန်အလှန် ပြုကြရန် တောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံသည် အာဖရိက သမဂ္ဂ နှင့် အာရပ် အဖွဲ့ချု့်တို့၏ မူဘောင်အောက်တွင် အီဂျစ်နိုင်ငံနှင့် အတူ ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရန် ဆန္ဒရှိကြောင်း Wang က ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ali က အီဂျစ်နိုင်ငံသည် တရုတ်နိုင်ငံ နှင့် ခင်မင်ရင်းနှီးမှုအား အလေးထားပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အောင်မြင်မှုများအား တန်ဖိုးထားပါကြောင်း ၊ တရုတ် နိုင်ငံ နှင့် အတူ ပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းမှု ဖွံ့ဖြိုးရေး အပေါ် ကျယ်ပြန့်သော သဘောတူညီချက် ရှိကြောင်း ပြောကြားခဲ့ပြီး အီဂျစ်နိုင်ငံသည် တရုတ်နိုင်ငံ နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အသင့်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.