Connect with us

Africa & Middle East

ဥရောပသမဂ္ဂသည် နျူကလီးယား သဘောတူစာချုပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပျက်ကွက်ဟု အီရန်ဆို

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifအားတွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်ပြီးသော ကတိကဝတ်များအတိုင်း ကောင်အထည် ဖော်ဆောင်ရန် ဥရောပသမဂ္ဂအနေဖြင့် ပျက်ကွက်နေကြောင်း ဇွန် ၂၄ ရက်က

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifက(JCPOA)က Press TV ရုပ်မြင်သံကြား အစီအစဉ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ကုန်သွယ်ရေးလဲလှယ်မှု အထောက်အပံ့များတွင် ဥရောပ၏ကတိပြုချက်များဖြစ်သော INSTEXကို အကောင်အထည်ဖော်ရာတွင် ထပ်ခါတလဲလဲ နှောင့်နှေးမှုသည် ဥရောပတိုက်သားတို့၏ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရန် အခွင့်အာဏာနှင့် ဆုံးဖြတ်ချက် မရှိကြောင်း Zarifက ပြောခဲ့သည်။

ဥရောပသမဂ္ဂက ဇန်နဝါရီ ၃၁ ရက်က INSTEX အဖွဲ့အစည်းသစ် ထူထောင်ရန် ကြေညာခဲ့ရာ ၎င်းက ၂၀၁၈ ခုနှစ် မေလအတွင်း JCPOAမှ အမေရိကန်နှုတ်ထွက်ပြီးနောက် အီရန်ကို ဆန့်ကျင်ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်စေရန်နှင့် အီရန်နှင့် ကုန်သွယ်ရေးခိုင်မာရန် ဖြစ်ကြောင်း သိရသည်။

ဥရောပ သမဂ္ဂက အီရန် နျူကလီးယား သဘောတူညီချက်အရ အီရန်နိုင်ငံအနေဖြင့် အကျိုးခံစားခွင့်ရရှိရန်အတွက် ကူညီရန်အစွမ်းကုန် လုပ်ဆောင်နေကြောင်း ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.