Connect with us

Africa & Middle East

လစ်ဗျားရွှေ့ပြောင်းနေထိုင်သူများစင်တာ လေကြောင်းတိုက်ခိုက်ခံရ ၊ လူ ၄ဝ သေဆုံး

လစ်ဗျားရွှေ့ ပြောင်းဒုက္ခသည်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် တည်ရှိသော ရွှေ့ပြောင်းနေထိုင်သူများစင်တာတစ်ခုအား ဇူလိုင် ၂ ရက် နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်ခံရသဖြင့် အနည်းဆုံး လူ ၄ဝ နီးပါး သေဆုံးသွားပြီး အခြားအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများ၏ပြောကြားချက်အရသိရသည်။

ထရီပိုလီမြို့လယ်မှ အရှေ့ဘက် ၁၅ ကီလိုမီတာအကွာ မြေထဲပင်လယ်ကမ်းခြေတွင် တည်ရှိသည့် Tajoura ၌ ရွှေ့ပြောင်းနေထိုင်သူများ စင်တာကို တည်ဆောက်ထားခြင်းဖြစ်သည်။ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ယခုအချိန်ထိ မသိရှိရသေးပေ။

လစ်ဗျားနိုင်ငံသည် ဥရောပတိုက်သို့ရေလမ်းခရီးမှ ဝင်ရောက်ရန် အာဖရိက နှင့် အာရပ်နိုင်ငံများမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ စတင်ထွက်ခွာရာ အဓိက နေရာကြီးတစ်ခုဖြစ်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.