Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် စစ်သား ၂ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်စစ်သားများအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်သား ၂ ဦး ကျဆုံးခဲ့ကြောင်း နေတိုး (NATO) ဦးဆောင်သည့် Resolute Support (RS) က သြဂုတ်လ ၂၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။

“အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၉ ခုနှစ် သြဂုတ် ၂၁ ရက်က အမေရိကန်စစ်သား ၂ ယောက် သေဆုံးသွားခဲ့တယ်” ဟု RS က ကြေညာချက်တွင် ရေးသားထားသည်။

“အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒအရ သေဆုံးသူ၏ ဆွေးမျိုးရင်းချာများ သိရှိပြီးနောက် ၂၄ နာရီတိုင်အောင် သေဆုံးသူနာမည်ကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ” ဟူသော ပြောကြားချက်သာ ပါရှိပြီး အသေးစိတ်အကြောင်းအရာများကို ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိပေ။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ အာဖဂန် လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် နေတိုးနှင့် အမေရိကန် တပ်ဖွဲ့များမှ လုံခြုံရေးတာဝန်များ အပြည့်အဝ လက်ခံခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်သွေးကြွများအား တိုက်ဖျက်ရေးအတွက် ဒေသခံ လုံခြုံရေးတပ်ဖွဲ့များအား လေ့ကျင့်ပေးရန်နှင့် ကူညီရန် ပြည်ပစစ်သား ၁၆,၀၀၀ ဝန်းကျင် ကျန်ရှိနေသေးသည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံနှင့် အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့တို့ ၁၈ နှစ်ကြာ တိုက်ခိုက်မှု အဆုံးသတ်ရန် မျှော်လင့်ချက်ဖြင့် ဒိုဟာမြို့တော်တွင် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် လုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.