Connect with us

Videos

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ရာပြည့် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ထူထောင်သည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားအား အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ILO အဖွဲ့သည် လူမှုရေး တရားမျှတမှု ရရှိစေရန် ဦးတည် ဆောင်ရွက်နေသည့် တစ်ခုတည်းသော ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပြီး Unique System ကို နှစ်ပေါင်း တစ်ရာတိုင် ခိုင်မြဲစွာ ထိန်းသိမ်းနိုင်ခဲ့မှု အတွက် အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr.Greg Vines က “အခု နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို ဆင်နွှဲရင်း အနာဂတ်မှာ စီးပွားရေး ၊ လူမှုရေး နဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒတိုင်းမှာ လူသားတွေကို အဓိက ဗဟိုပြုပြီး စဉ်းစား လုပ်ဆောင်သွားမယ် ဆိုတဲ့ ကြေညာချက်နဲ့အတူ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို ပိုပြီး ခိုင်မာအောင် တစ်စိုက်မတ်မတ် ဖော်ဆောင် လုပ်ကိုင် သွားမယ်လို့ ”ဟု ပြောကြားခဲ့သည်။

၁၉၁၉ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO)သည် ယခုအခါတွင် နှစ် ၁၀၀ ပြည့်မြောက်ပြီ ဖြစ်ကြောင်း သိရသည်။ILO အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် ရာပြည့်နှစ်ကို ဂုဏ်ပြုသည့် အနေဖြင့် ILO ဆောင်ပုဒ် ဖြစ်သည့် “ILO ရာပြည့်မှစ သင့်လေျာ် ကောင်းမွန်သော အလုပ်အကိုင် တိုးမြင့်ရေး နှင့် လူမှုတရား မျှတရေး မြှင့်တင် ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့် ဆောင်ပါး ပြိုင်ပွဲ ကျင်းပခဲ့ပြီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ထူထောင်သည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံ၌ ILO ၏ နှစ်ကာလ အဆက်ဆက် ဖြတ်သန်း လာခဲ့သော မှတ်တမ်းများကိုလည်း ဓာတ်ပုံ ပြခန်းဖြင့် ပြသခဲ့ကြောင်း သိရသည်။ILO အနေဖြင့် ရာပြည့်နှစ် အထိမ်းအမှတ် အဖြစ် “Advancing Social Justice,Promoting Decent Work” ဆောင်ပုဒ် ထုတ်ပြန်ခဲ့ပြီး ILO အဖွဲ့ဝင် နိုင်ငံ အသီးသီးက ILO ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲများကို ကျင်းပပေးလျက် ရှိကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.