Connect with us

Videos

ဝေးလံခေါင်ဖျားဒေသများသို့ သွားရောက်ကုသပေးနိုင်မည့် ဆေးရုံ ရထားကို တရုတ်နိုင်ငံတွင် ထုတ်လုပ်လျှက်ရှိ

ရှင်းကျန်း၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ဝေးလံခေါင်ဖျားဒေသသို့ သွားရောက်ကုသပေးနိုင်မည့် မော်တော်ယာဉ် ခြောက်စီးစာအရွယ်အစားရှိ ဆေးရုံ ရထားကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသတွင် အသုံးပြုနိုင်ရန် ထုတ်လုပ်လျှက်ရှိပြီ ဖြစ်ကြောင်း သိရသည်။ လာမည့် ၃ လအတွင်း ၎င်း ရထားများကို ပြေးဆွဲနိုင်မည်ဖြစ်ပြီး ဝေးလံသည့်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ရထားဝန်ထမ်းများနှင့် ဒေသခံများအတွက် ဆေးဝါးအကူအညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်သည်။ ဆေးရုံ ရထားတွင် ဆေးဘက်ဆိုင်ရာ အဆင့်မြင့် ကိရိယာများကို ဖြည့်စွက်ပေးထားပြီး တနေ့လျှင် လူပေါင်း ၁၅၀ ခန့်ကို ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၄၀ ကျော်က စစ်ဆေးကုသပေးနိုင်မည်ဖြစ်ပြီး ယခုနှစ်အတွင်းလူပေါင်း ၁၀၀၀၀ ကို ဝန်ဆောင်မှုပေးနိုင်မည်ဟုသိရသည်။ ( Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.