Connect with us

Science & Technology

တရုတ် နိုင်ငံ၏ မြန်နှုန်းမြင့် ရထားလမ်း ယခုနှစ်ကုန်တွင် ကီလိုမီတာ ၃၅,၀၀၀ အရှည် ရှိလာမည် 

တရုတ် နိုင်ငံ အတွင်း ကျည်ဆံရထား ပြေးဆွဲနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ၏ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်မှာ ယခုနှစ်ကုန်တွင် ခန့်မှန်း ကီလိုမီတာ ၃၅,၀၀၀ ခန့် အရှည်နှင့် အတူ ကမ္ဘာတွင် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်သွားမည် ဖြစ်ကြောင်း China Railway ထံမှ သိရသည်။

တရုတ် နိုင်ငံ၏ မီးရထားလမ်း စုစုပေါင်း အရှည်မှာ ၂၀၁၉ ခုနှစ် အကုန်တွင် ကီလိုမီတာ ၁၃၉,၀၀၀ ကျော်လွန် မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

တရုတ် နိုင်ငံ အတွင်း ကျည်ဆံရထား ပြေးဆွဲနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံတွင် ၂၀၁၉ ခုနှစ်က မီးရထားလမ်း အသုံးပြု ခရီးသွားသူ ၃ ဒသမ ၆ ဘီလီယံခန့် ရှိခဲ့ရာ  ၂၀၁၂ ခုနှစ်ထက် ၉၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်နှုန်းမြင့် ရထားများဖြင့် ခရီးစဉ်ပေါင်း ၂ ဒသမ ၃၁ ဘီလီယံ သွားခဲ့ကြပြီး ၂၀၁၂ ခုနှစ်ထက် ၃ ဒသမ ၄ ဆ ပိုများလာကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်း ၊ ဂျာကာတာ – ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း နှင့် ဟန်ဂေရီ – ဆားဗီးယား ကဲ့သို့ ပြည်ပ စီမံကိန်းများအား ယခုနှစ်တွင် အရှိန်အဟုန် မြှင့်တင်ခဲ့ရာ တရုတ်နိုင်ငံ၏ ရထားလမ်းများ အတွက် ကမ္ဘာ တစ်ဝန်း ဂုဏ်သိက္ခာများ မြင့်တက်ခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.