Connect with us

Science & Technology

တရုတ် နိုင်ငံ လကမ္ဘာ ဆင်းတက် လေ့လာရေး အဖွဲ့ အား ဗြိတိန် နိုင်ငံ တော်ဝင် အာကာသ အင်စတီကျု က ၂၀၁၉ ခုနှစ် ၏ ရွှေတံဆိပ်ဆု ပေးအပ်

ဗြိတိန် နိုင်ငံ တော်ဝင် အာကာသ အင်စတီကျု ၏ ၂၀၁၉ ခုနှစ် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် တရုတ် နိုင်ငံ လကမ္ဘာ ဆင်းတက် လေ့လာရေး အဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ တော်ဝင် အာကာသ အင်စတီကျု ၏ ၂၀၁၉ ခုနှစ် ဆုပေးပွဲ အခမ်းအနား အား နိုဝင်ဘာ ၂၅ ရက် ညပိုင်း အချိန်တွင် လန်ဒန် မြို့ ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ် နိုင်ငံ ၏ Chang’e 4 လကမ္ဘာ ဆင်းတက် လေ့လာရေး အဖွဲ့  က ယခုနှစ် ၏ တခုတည်းသော ရွှေတံဆိပ်ဆု ကို ရရှိခဲ့ကာ ယင်းမှာလည်း ဗြိတိန် နိုင်ငံ တော်ဝင် အာကာသ အင်စတီကျု ထူထောင်ပြီး နှစ်ပေါင်း ၁၅၃ နှစ် အတွင်း ပထမ ဦးဆုံး တရုတ် နိုင်ငံ အား ပေးအပ်ခဲ့သည့် ဆုဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန် နိုင်ငံ တော်ဝင် အာကာသ အင်စတီကျု ဆုတံဆိပ် ပေးအပ်ခြင်း ကော်မတီ ဥက္ကဋ္ဌ Bill Tyack က ဆုပေးပွဲ အခမ်းအနား တွင် တရုတ် နိုင်ငံ Chang’e 4 လကမ္ဘာ ဆင်းတက် လေ့လာရေး အဖွဲ့ က လူသား တို့ ၏ လကမ္ဘာ နောက်ကျော မှ ဆင်းတက်ကာ စူးစမ်းလေ့လာမှု ပြုလုပ်ခြင်း ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပြီး ထူးချွန်သည့် အောင်မြင်မှု တစ်ရပ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ လကမ္ဘာ စူးစမ်းလေ့လာရေး စီမံကိန်း အင်ဂျင်နီရာချုပ် ၊ တရုတ် နိုင်ငံ အင်ဂျင်နီရာ အကယ်ဒမီ ပညာရှင် ဝူဝေရိန် (Wu Weiren ) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ လကမ္ဘာ စူးစမ်းလေ့လာရေး စီမံကိန်း အင်ဂျင်နီယာချုပ် ၊ တရုတ် နိုင်ငံ အင်ဂျင်နီယာ အကယ်ဒမီ ပညာရှင် ဝူဝေရိန် (Wu Weiren ) က အဖွဲ့ ကိုယ်စား ရွှေတံဆိပ်ဆု အား လက်ခံ ရယူ ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် တရုတ် နိုင်ငံ အနေဖြင့် ပိုမို များပြားသည့် နိုင်ငံ နှင့် အဖွဲ့အစည်း များ နှင့် အာကာသ ဆိုင်ရာ နိုင်ငံတကာ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ အား အတူတကွ ပြုလုပ်သွားရန် ဖိတ်ခေါ် ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး ၏ အာကာသ စူးစမ်းလေ့လာမှု နှင့် သိပ္ပံနည်းပညာ ဆိုင်ရာ ရှာဖွေ တွေ့ရှိမှု များ ကို အတူတကွ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက် တွင် Chang’e 4 က လကမ္ဘာ နောက်ကျော သို့ အောင်မြင်စွာ ဆင်းတက် နိုင်ခဲ့ပြီး Queqiao ဂြိုလ်တု ၏ ထောက်ပံ့မှု အောက်တွင် Chang’e 4 ဆင်းတက်ရေး ကိရိယာ နှင့် Yutu-2 လေ့လာရေး ကိရိယာ တို့ က စူးစမ်းလေ့လာမှုများ ပြုလုပ် ကာ အရေးပါသည့် သိပ္ပံနည်းပညာ ဆိုင်ရာ အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ကြောင်း သိရှိရသည်။

ဗြိတိန် နိုင်ငံ တော်ဝင် အာကာသ အင်စတီကျု အား ၁၈၆၆ ခုနှစ် တွင် စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာ တွင် သမိုင်းကြောင်း အရှည်လျားဆုံးသော အာကာသ ဆိုင်ရာ ပရော်ဖယ်ရှင်နယ် အဖွဲ့အစည်း ဖြစ်ကြောင်း ၊ ၎င်း အင်စတီကျု အနေဖြင့် နှစ်စဉ် တကမ္ဘာလုံး အတွင်း အာကာသ ကဏ္ဍ တွင် ထူးချွန်သည့် အောင်မြင်မှု ရရှိသည့် အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ် တို့အား ဆုတံဆိပ်ပေးအပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)