Videos
Airbus A320 လေယာဉ် ၁၂စင်း တစ်ပြိုင်နက် ရပ်နားထားနိုင်သည့် လေယာဉ်သိုလှောင်ရုံကြီး
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)
China Southern Airlines ၏ အမှတ် (၁) လေယာဉ် သိုလှောင်ရုံကြီးကို ပေကျင်းတာ့ရှင်း နိုင်ငံတကာ လေဆိပ်ကြီးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ၎င်း လေယာဉ် သိုလှောင်ရုံကြီးသည် အာရှတိုက်တွင် အကြီးဆုံး လေယာဉ် ထိန်းသိမ်းရေး သိုလှောင်ရုံကြီးတစ်ခုဖြစ်ပြီး အကျယ်အဝန်း ၄၀၅ မီတာရှိကာ ဘတ်စကတ်ဘောကွင်း ၉၆ ကွင်း စာ အကျယ်အဝန်းရှိသည်။ သိုလှောင်ရုံ၏ တံခါးချပ်များအားလုံးကို ၇၅ စက္ကန့်အတွင်းအပြီးဖွင့်နိုင်အောင်စီစဉ်ဆောင်ရွက်ထားပြီး Airbus A320 လေယာဉ် ၁၂စင်း တစ်ပြိုင်နက် ရပ်နားထားနိုင်ကြောင်းသိရသည်။ (Xinhua)