Videos
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ချစ်ကြည်ရေးခရီးစဉ်အား ဂုဏ်ပြုကြိုဆိုခဲ့ကြ
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် မြန်မာနိုင်ငံ သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ နေပြည်တော်သို့ ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်များတွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည်။သမ္မတရှီ သည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိရာ မြန်မာနိုင်ငံဒုတိယသမ္မတဦးမြင့်ဆွေနှင့် အစိုးရ အရာရှိကြီးများက လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။ ကြိုဆိုရေးလမ်းကြောင်းတစ်လျှောက်တွင် ကျောင်းသားကျောင်းသူလေးများ၊ တိုင်းရင်းသားလူငယ်များနှင့် ပြည်သူအပေါင်းတို့က တရုတ်-မြန်မာချစ်ကြည်ရေးအလံများကို ကိုင်ဆောင်ကာ တရုတ်သမ္မတကြီးအား ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။ (Xinhua)