Connect with us

Local

အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်းအရ စီးပွားရေးလုပ်ငန်းများတိုးတက်စေရန် အာရုံစိုက်ဆောင်ရွက်မည်

အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES)၂၀၂၀-၂၀၂၅ သတင်းစာ ရှင်းလင်းပွဲ မြင်ကွင်း (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) 

အမျိုးသားပို့ကုန် မဟာဗျူဟာ(National Export Strategy-NES) ၂၀၂၀-၂၀၂၅ ဒီဇိုင်း ရေးဆွဲပြီးဖြစ်၍ စီးပွားရေးကဏ္ဍများ ပိုမို အားကောင်းစေရန် ယခင်ထက် ပိုမိုအာရုံစိုက်ပြီး လုပ်ဆောင်ပေးသွားရန်ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည် နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က ဆင်ဟွာ ကိုပြောသည်။ 

ဒေါက်တာမောင်မောင်လေးက “အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်း က ပထမ ၅ နှစ် ပြီး ဒုတိယ ၅ နှစ်မှာလည်း အိတ်စပို့ (ပို့ကုန်) ကို အာရုံစိုက်မယ်။ ပို့ ကုန်နဲ့ ပတ်သက်ပြီး မြှင့်တင်ပေးဖို့လုပ်မယ်။ ဈေးကွက်တွေ ကိုလည်း ရှာပေးမယ်။ ပြည်နယ် နဲ့ တိုင်းဒေသကြီးမှာ မှာရှိတဲ့ ဆန်၊ သစ်သီးဝလံ အပါအဝင် ကဏ္ဍစုံကို ဈေးကွက် တွေရှာတာ တိုးချဲ့ ဖို့ ရှိပါတယ်။ အခုက အရင်ထက် ပိုမိုအာရုံစိုက်လုပ်ဆောင်တဲ့ အတွက်ပိုပြီး တိုးတက်လာလိမ့်မယ် လို့ထင်ပါတယ်။’’ ဟုပြောသည်။

NESအတွက် ရွေးချယ်ထားသောအကောင်အထည်ဖော် ဆောင်ရွက်မည့်ဦးစားပေး ကဏ္ဍများ မှာ-ဦးစားပေးကဏ္ဍများ (ကုန်စည်) (Priority Sector Goods)      တွင် ဆန် ၊ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများပါဝင်သည်။ ဦးစားပေးကဏ္ဍများ(ဝန်ဆောင်မှု) (Priority Sector-Services) တွင် ခရီးသွားလုပ်ငန်း၊ဖွံ့ဖြိုးရန်အလားအလာရှိသည့်ကဏ္ဍ(Emerging Sector) တွင် ရော်ဘာ ကို သတ်မှတ်ထားကြောင်း သိရသည်။

ဦးစားပေးကဏ္ဍများကိုအထောက်အကူပြုမည့်ဝန်ဆောင်မှုကဏ္ဍများ(Cross-Sector)(၄) မျိုးတွင်   ကုန်သွယ်မှုဆိုင်ရာငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှုသတင်းအချက်အလက် နှင့်ကုန်သွယ်မှုမြှင့်တင်ရေး၊ အရည်အသွေးစီမံခန့်ခွဲခြင်း၊  ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းနှင့်ကုန်စည်သယ်ယူပို့ဆောင်ရေး တို့ပါဝင်ကြောင်း  ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ န ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ 

ပို့ကုန်မြှင့်တင်ရေးအတွက် အထောက် အကူပြုကဏ္ဍများအဖြစ် စီမံခန့်ခွဲမှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု ကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင် မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် ကဏ္ဍများကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။  

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်ကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍသုံးခုကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမည့်ကဏ္ဍများအဖြစ် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)က ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍများကို ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကာ အီးယူ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် စီမံကိန်း တွင် ထောပတ်သီး၊ နာနတ်သီး၊ ကျွဲကောသီး၊ ကြက်သွန်ဖြူတို့ကို ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်သွားရန် ပူးတွဲဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အမျိုးသားပို့ကုန် မဟာဗျူဟာကို  ၂၀၁၅မှ၂၀၁၉ အထိ ပထမငါးနှစ် အကောင် အထည်ဖော်ခဲ့ပြီး ထိုက်သင့်သည့် အောင်မြင်မှု လည်း ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၀-၂၀၂၅ နောက်ထပ်ငါးနှစ်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲခဲ့ကြောင်း၊ ရေးဆွဲရာ တွင် ပြီးခဲ့သည့်ငါးနှစ်တာကာလက တွေ့ရှိရ သည့် အတွေ့အကြုံများကို အခြေခံ၍ ပိုမို ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES) ၂၀၂၀-၂၀၂၅ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည် နှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI)နှင့် ပူးပေါင်းကာ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ICT)၏ နည်းပညာအကူအညီဖြင့် ဒီဇိုင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.